အခန်း128

425 46 2
                                    

အံ့ဖွယ်စနစ်ပိုင်ရှင်

ဘာသာပြန်သူ-Sunflower

အပိုင်း ၁၂၈ စနစ် ငါ့ကို မျက်နှာသာ ပေးပါ

လုကျိုး သူ့ရဲ့ကိုယ်ရေး အချက်အလက် စာမျက်နှာကို ပိတ်လိုက်သည်။ သူ မဲနှိုက်ရန် ပြင်လိုက်၏။ ဒီတစ်ကြိမ်တော့ လုကျိုး ပြစိပြစိ ပြောမနေတော့ပေ။ ပြောလည်း စနစ္က အေရးမွ မစိုက်လေဘဲ။

သူ စိတ်ငြိမ်ငြိမ် ထားရမယ်။ မူသေပုံစံချက် ဖြစ်ဖြစ် နည်းပညာ အကိုင်းအခက်ကို ဖွင့်နိုင်တာ ဖြစ်ဖြစ် ရရင် မဆိုးဘူး။ ဒီတစ်ကြိမ်တော့ ကံကောင်းဖို့ မျှော်လင့်တယ်။
လှည့်ဘီးက အဆင်မပြတ်လည်နေခဲ့သည်။ လုကျိုး အော်လိုက်၏။

ရပ်တော့
ချက်ချင်းပင် တိက်သြားခဲ့သလို စနစ်ရဲ့ အသံဆိုးကလည်း ထွက်လာခဲ့သည်။
ဂုဏ်ယူပါတယ် အသုံးပြုသူက နမူနာပုံစံကို ရသွားပါပြီ

လုကျိုး:..

အာ သူ့ကို တကယ် အံ့သြအောင် လုပ္လိုက္တာပဲ။ သူ တကယ် အမှိုက်တွေ မရဘူးပေါ့ ဟုတ္လား ။ ဘာပဲဖြစ်ဖြစ် အရင်ကြည့်ရအောင်။

လုကျိုး ဖွင့်ကြည့်လိုက်တော့ အာရုံစိုက်ဆေး အလုံး ၃၀ဖြစ်ကြောင်း တွေ့လိုက်ရသည်။ တော်သေးတာပေါ့ ဒါက ကုတ်ဘူးတွေထက် အများကြီး ကောင်းတယ်။ နောက်လမှာ ဖြေမယ့် ဘာသာရပ်စာမေးပွဲတွေအတွက် သူ စာကြည့်ရမှာနဲ့ အတော်ပဲ။ ဒါနဲ့ ဒါကို သုံးလိုက်ရင် ဖြုန်းသလိုများ ဖြစ်မလားပဲ။

လုကျိုး ခေါင်းခါလိုက်ကာ မစ်ရှင်း ဇယားကို ဖွင့်ကြည့်မည် ပြင်လိုက်သည်။ ထိုအခိုက် သူ တစ်စုံတစ်ရာကို တွေးမိကာ ရပ်တန့်သွားရ၏။ မစ်ရှင်းက ပရင်ဆယ်တွန်းကို အခြေခံပြီး ပေါ်လာရင် ဘယ္လိုလုပ္မလဲ။

သူ စနစ်ထဲက ထွက်လိုက်တော့သည်။ ကျန်တဲ့အချိန်လေးကို သူ အေးအေးပဲ နေပါတော့မယ်။ထို့နောက် လုကျိုးက လက်တော့ကို ဖွင့်ကာ စာတမ်းကို စစ်နေလိုက်သည်။ နံပါတ်သီအိုရီတွေက အတော် စိတ်၀င်စားဖို့ ကောင်းတဲ့ နယ်ပယ် ဖြစ်သည်။ သူ အကြမ်းစာရွက်တွေကို ကောက်ကိုင်နေသည့် အချိန်တွင် ပရယ်စန်တေးရှင်းတုန်းက အဖြစ်အပျက်ကို ပြန်မြင်ယောင်လာခဲ့သည်။ကံကောင်းတာက လိုအပ်တဲ့ အကြမ်းစာရွက်တွေရှိနေသေးတာပဲ။

အံဖွယ်စနစ်ပိုင်ရှင်  ပထမတွဲWhere stories live. Discover now