1

233K 6.8K 117
                                    

(A.N-ဤဇာတ်​လမ်းတွင်​ပါဝင်​​သောဇာတ်​လမ်းဇာတ်​ကွက်​ဇာတ်​​ကောင်​များသည်​ သာသာ၏စိတ်​ကူးယဉ်​ဖန်​တီးမှူများသာဖြစ်​သည်​ သက်​ရှိသက်​မဲ့မည်​သူတစ်​ဦးတစ်​​ယောက်​ကိုမှ ထိခိုက်​​စေလိုခြင်းမရှိပါ)

ခမ်းနားလှပ​သောအိမ်​​တော်​ကြီး၏​ရှေ့တွင်​ ​ယောကျာင်္း​လေးတစ်​​ယောက်​ဟာမိုး​ရေထဲမှာ ထိုအိမ်​ကိုအငြိုးကြီးစွာ စိုက်​ကြည့်​လျက်​ရှိသည်

"ငါပြန်​လာမယ်​ မင်းမြတ်​သီဟ...ပြန်​လာပြီး​တော့ငါခံစားခဲ့ရတာ​တွေထက်​ အဆ​ပေါင်းများစွာပိုပြီးခံစားရ​အောင်​လုပ်​ပြမယ်​..မမဝတီအ​ပေါ်မင်းရက်​စက်​ခဲ့တာ​တွေအတွက်​ငါလုံးဝမ​ကျေဘူး"

အိမ်​​တော်​ထဲတွင်​လည်း​ယောကျာင်္း​လေးတစ်​​ယောက်​ဟာဆိုဖာခုံ​ပေါ်မှာစမတ်​ကျစွာထိုင်​ပြီးအပြင်​ကအသံ​တွေကိုလျစ်​လျူရှူ့​နေခဲ့သည်​..

"သခင်​​လေး..ကျွန်​​တော်​သွား​မောင်းထုတ်​လိုက်​ရမလား"

"မလိုဘူး...သူ​ပြောလို့ဝသွားရင်​ကိုယ့်​ဟာကိုယ်​ပြန်​သွားလိမ့်​မယ်​ ပစ်​ထားလိုက်​ မိုး​ရေထဲမှာ​သေ သွား​တော့လည်းကိစ္စ​အေးတာ​ပေါ့"

"အစ်​ကို..ခြံရှေ့မှာဘယ်​သူ​ရောက်​​နေတာလဲ"

"သုတနိုးလာပြီလား"

"အင်း....ခြံ​ရှေ့မှာဘယ်​သူလဲ"

"ဘာမှမဟုတ်​ပါဘူး လမ်း​ဘေးကအ​ကောင်​တစ်​​ကောင်ပါ..မူးပြီးလာ​အော်​​နေတာ..ဂရုမစိုက်​နဲ့"

"​အော်​..."

အစ်​ကို​ပြောတာဆိုအမြဲတမ်းယုံပြီးနား​ထောင်​တဲ့မင်းမြတ်​သီဟရဲ့တစ်​ဦးတည်း​သောညီ​လေး မြတ်​သုတ..

"​ဆေး​သောက်​ပြီးပြီလား သုတ"

"အာ​..သောက်​ရ​သေးဘူး..ဟီးဟီး"

ဆေး​သောက်​ရမှာဆိုးလို့သွား​လေး​တွေ​ပေါ်တဲ့အထိပြုံးပြ​နေတဲ့သုတ

"​သောက်​ရမယ်​​နော်​..."

"အစ်​ကိုကလည်း..ဒီ​နေ့မ​သောက်​​တော့ဘူး​လေ..​နော်​..​နော်​"

Maung(Completed)Where stories live. Discover now