အပိုင်း - ၂၉

En başından başla
                                    

-------

၆ လကြာပြီးနောက်

" Innie ရေ.. ကိုယ်ပြန်ရောက်ဘီ "

Sehun နေပြန်ကောင်းပြီး နောက်ပိုင်း ဒီနေ့က ပထမဆူံး company ကို ပြန်သွားတဲ့နေ့ဘဲ.. အလုပ်ကပြန်လာချင်းချင်း Jongin ကို မတွေ့ရတာမို့ sehun စိတ်ထဲ အလိုမကျဖြစ်သွားရတယ်..

မီးဖိုချောင်ထဲလည်း မရှိ..
ဧည့်ခန်းထဲမှာလည်း မရှိတာမို့ sehun အနည်းငယ်စိတ်ပူသွားသည်...

" Innie ရေ.. ကလေး... ဘယ်မှာလဲ "

Sehun အပေါ်တက်လာရင်း Jongin ကိုလည်း အော်ခေါ်မိတယ်.. ဒီကောင်လေးတွေ့မှ ဆူပစ်ဦးမယ်..

အခန်းထဲကို ဝင်လာတော့မှကုတင်ပေါ်မှာ အိပ်ပျော်နေတဲ့
Jongin ကို တွေ့ပြီး sehun အမောပြေသွားရတယ်..

" ဟက် .. "

အကျီတွေပါလန်ကာ ဗိုက်ပေါ်အောင်အိပ်နေတဲ့ Jongin ကိုကြည့်ရင်း sehun အသံထွက်ရယ်မိလိုက်တယ်...

ဘယ်လိုကောင်လေးလဲကွာ...

အချိန်အခါမဟုတ် အိပ်နေတာမို့ နေများမကောင်းတာလားဆိုပြီး ကိုယ်ပူစမ်းကြည့်တော့လည်း မပူပါချေ..

တကယ်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ Jongin ကြောင့် sehun ကိုယ့်ဘာသာဘဲ ရေချိုးဖို့ ပြင်လိုက်ကာ ရေချိုးခန်းထဲ ဝင်လိုက်တော့တယ်..

---

" ဦး ကျနော် ပြောစရာရှိတယ် .. "

ထမင်းစားပွဲက ၂ ယောက်တည်းမို့ အနည်းငယ်ခြောက်ကပ်နေတယ်ထင်ရပေမယ့် Jongin အသံကြောင့် အနည်းငယ် အသက်ဝင်လာရတယ်..

" ပြောလေ... Inလေး.. ဦးတတ်နိုင်သမျှအကုန်လုပ်ပေးမယ် "

" ကျနော် Gommie လေးကို သွားတွေ့ချင်တယ် ဦး ..
သမီးကို မတွေ့ရတာ တစ်နှစ်နီးပါး ရှိတော့မယ်.. ဦးလည်းနေကောင်းနေပြီဆိုတော့ သမီးနဲ့ သွားတွေ့ချင်လို့ "

Jongin စကားကို ထင်မှတ်မထားပုံရတဲ့ ဦးက ရုတ်တရတ်တိတ်ဆိတ်သွားတယ်.. လက်ထဲက ဇွန်းကို ချလိုက်ပြီး ဘာမှတော့မပြောသေးပေမယ့် တစ်စုံတစ်ခုပြောချင်နေတယ်ဆိုတာ Jongin သိတယ်...

Sehun မထင်ထားတဲ့ Jongin စကားကြောင့် ဘာပြောရမယ်မှန်းမသိဖြစ်သွားတယ်... တကယ်လည်း jongin အဲ့ဒီစကားကိုပြောမယ်လို့ သူမထင်ထားဖူးလေ..

Jongin ကိုလှမ်းကြည့်လိုက်တော့ သူ့ကို မျှော်လင့်တကြီး ကြည့်နေတဲ့ မျက်ဝန်းလေးတွေကို တွေ့ရသည်..
တတ်နိုင်သမျှ ဆိုပေမယ့် အဲ့ကိစ္စမပါဘူးထင်တယ် ကလေးရယ်..

ကိုယ်မနိုင်ခဲ့တဲ့ အဲ့ဒီမိန်းမဆီမှာ ဘာလို့ မင်းရဲ့ သံယောဇဉ်တွယ်စရာက ကျန်နေရသေးတာလဲကွာ ?

ကိုယ်သာ သေလုမြောပါးမဖြစ်ခဲ့ရင် Innie က အဲ့ မိန်းမနဲ့ဘဲ တစ်သက်လူံးနေသွားတော့မှာဆိုတဲ့ အတိတ်က ကြောက်ဖို့ကောင်းတယ် Innie ..

သိလား... ကိုယ် ယုံကြည်ချက်မရှိဘူး..

Sehun မျှော်လင့်တကြီးကြည့်နေတဲ့ Jongin ကိုကျောခိုင်းကာ ထမင်းစားပွဲက တစ်ဝက်တစ်ပျက်နဲ့ ထထွက်ခဲ့တယ်..

"ဦး .... "

ဘာမှမပြောဘဲ ရုတ်တရက်ကြီးထသွားတဲ့ ဦးကျောပြင်ကို ကြည့်ရင်း အံ့သြစွာနဲ့ ခေါ်မိတယ်...

Sehun မကြားသလိုနေရင်း Jongin ရှေ့က တစ်ခွန်းမှ မဆိုဘဲ ထွက်ခဲ့မိတယ်..

တောင်းပန်ပါတယ်..
ကိုယ် နောက်တစ်ခေါက်လက်လွှတ်ရမှာ ကြောက်တယ် Jongin ...

---- ဦး ------

ပြီးဖို့က ၂ ပိုင်းလောက်ဘဲလိုတော့တာကို
အရစ်တွေရှည်နေတဲ့ ကျမ 🤪

| ဦး | Zawgyi + Unicode  [ Completed ] Hikayelerin yaşadığı yer. Şimdi keşfedin