chapter 131

459 59 0
                                    

Chapter 131


"နောက်နှစ်အနည်းငယ်ကြာရင် ဒီလိုဖြစ်လာလိမ့်မယ်"

ယခုလိုပြောသည့်အချိန်မှာ ရှဲ့ရွှင်းက ဖိအားကိုတိုးလိုက်ရာ ရှဲ့ရယ်သက်ပြင်း ရှိုက်မိသွားပေမဲ့ သူ မအော်ဝံ့ပါချေ။ သူ့လည်ချောင်းထဲက အသံကိုထိန်းပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။

ရှုရှီက ကျန်းရှုယောင်၏စကားကို သဘောကျသွားပြီး ရယ်ရမလိုငိုရမလိုဖြစ်သွားသည်။

"မင်းယောကျာ်းကို ဘာပြောလိုက်တာလဲ"

"ကျွန်မ ဘာမှ မပြောပါဘူး"

ကျန်းရှုယောင်က ပြုံးပြီး
"ဒါက ဒီအရွယ် ကလေးတွေ လုပ်တတ်တဲ့အရာလိုပဲထင်ရုံပါ...ယောက်မ အရမ်း တင်းကြပ်မနေပါနဲ့"

ရှုရှီက  ခေါင်းယမ်းလိုက်သည်။ သူမ ၏ဒေါသတွေ လုံး၀ ပြေသွားလေပြီ။

"ကောင်းပြီ"

၎င်းကိုမြင်သည်နှင့် ကျန်းရှုယောင်ကနောက်ထပ်အကြောင်းအရာတစ်ခုကို အမြန်ပြောလိုက်၏။

"ယောက်မ လမုန့်သွားစားလိုက်...အရမ်းချိုတယ်"

ရှုရှီက သူမနဖူးကို ပွတ်ရင်း
"မရဘူး...အားကျောက် နဲ့ အားယောင် ဒီနေ့ ငါ့အတွက် အိမ်စာတွေ မပြီးသေးဘူး ငါ..."

ကျန်းရှုယောင်က သူမကို စိုက်ကြည့်နေပြီး သူမ စကားဆက်မပြောနိုင်တော့ပေ။

"ယောက်မ... တခြားရက်တွေမှာဆို အဆင်ပြေပါတယ်... ဒါပေမဲ့ ဒီနေ့တော့ အနည်းဆုံး ကလေးတွေကို ဖိအားမပေးပါနဲ့"

ရှုရှီက  ပြုံးပြီး ခါးခါးသီးသီးဆိုသည်။

"သူတို့ လူကောင်းတွေ ဖြစ်လာလိမ့်မယ်လို့ ငါမျှော်လင့်တယ်"

"ကျွန်မသိတယ်"
ကျန်းရှုယောင် ရှုရှီလက်ကို ပုတ်ကာပြောလိုက်သည်။

"ဒါပေမဲ့ ယောက်မ အာရုံစိုက်ပေးရဦးမယ်လေ"

သူမ ရှုရှီကို  ခြံဝင်းထဲသို့ ခေါ်သွားကာ အမြွှာနှစ်ယောက်က လမုန့်လုပ်ရန် ကျိုးရှီ၏  နောက်သို့ လိုက်ခဲ့ကြသည်။

သူတို့က ပုနေရာ စားပွဲကိုမှီရန် ခုံတန်းလျားပေါ်မှာရပ်ကြရသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now