ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

437 41 0
                                    

Chapter 117
ကြက်စွပ်ပြုတ် နှင့် တို့ဟူးတုတ်ထိုးများ

လူတိုင်း ပျော်ရွှင်စွာ စကားပြောနေကြသော်လည်း သခင်မကြီး ၎င်းတို့၏ စကားပြောခန်းကို အနှောင့်အယှက်ပေးလိုက်သဖြင့် ဆက်မလုပ်နိုင်တော့ပေ။

သူမ သူမ၏မိသားစုတွင်ရှိစဉ်ဖြစ်စေ၊ မြို့စားရှဲ့အိမ်တော်ထဲကို လက်ထပ်ဝင်လာပြီးနောက်တွင်ဖြစ်စေ သူမ ဤကဲ့သို့သော မိသားစုပွဲမျိုး မလုပ်ခဲ့သည်မှာ ဆယ်စုနှစ်များစွာကြာခဲ့ပြီဖြစ်သည်။

သူမက စိတ်လှုပ်ရှားမှုကို မကြိုက်ပေ။ စိတ်လှုပ်ရှားမှုသည် စည်းမျဉ်းများနှင့် လုံးဝ မကိုက်ညီသောကြောင့် အလိုလို မကြိုက်ခြင်းဖြစ်သည်။

"ကဲ"

သူမက သူမ၏ တူများကို ချကာပြောလိုက်သည်

"ငါနေလို့ နေမကောင်းပါဘူး... မင်းတို့ ဆက်စားကြပါ"

သူမက နေမကောင်းဟုဆိုသဖြင့် ရှဲ့ မိသားစုက ဝမ်းနည်းကြောင်း ဖော်ပြပြီး မေးခွန်းတွေ မေးခဲ့ရသည်။

သခင်မကြီးက စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းပြီးဆိုသည်။

"ငါက ကျင့်သားရနေပါပြီ... အသက်ကြီးလာတော့ ပင်ပန်းနေရုံပါ"

သခင်မကြီးက နှစ်ပေါင်းများစွာ စည်းကမ်းကြီးသည့်မျက်နှာကို ပန်ဆင်လာရသောကြောင့် သူမ၏ မပျော်မရွှင်ဖြစ်မှုကို မည်သူမျှ သတိမထားမိခဲ့ပေ။ သူမ ထွက်သွားသောအခါ အားလုံးက စိတ်လှုပ်ရှားမှုထဲ ပြန်ရောက်သွားကြသည်။

သခင်မကြီး ရှို့နင်ခန်းမဆောင်သို့ပြန်လာသောအခါ စောနေသေးပြီး အိပ်ရာဝင်ရန် အချိန်မတန်သေးပါချေ။ အိပ်မပျော်သောကြောင့် ခဏထိုင်နေပြီး ဗိုက်ဆာလာသည်။နို့ထိန်းဖြစ်သူက တစ်စုံတစ်ဦးကို ပင်မမီးဖိုချောင်သို့သွားကာ သက်သတ်လွတ်ဟင်းရည် ယူခိုင်းလိုက်သည်။

အနည်းငယ်သောက်ပြီးသောအခါ သခင်မကြီးက ဇွန်းကိုချ၍ သက်ပြင်းချကာဆို၏။

"ဟုတ်ပါတယ် ငါကအသက်ကြီးပြီ... ငါ့ဗိုက်က ဗလာဖြစ်နေပေမဲ့ စားချင်စိတ်မရှိသေးဘူး"

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now