ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

965 76 0
                                    

Chapter 24

နွေကြက်သွန် ပန်ကိတ်

ပိုင်ကျီက  သူမလက်ကို အကျီလက်ဖြင့်ဖုံးထားပေမဲ့ ရှဲ့ရွှင်းသည်  အကျီလက်ကနေ ထွက်နေသည့် ဆီစိမ်စက္ကူကို မြင်လိုက်ဆဲဖြစ်၏။

စာရွက်တစ်ရွက်ပေါ်တွင် မှင်အညစ်အကြေးများ မတော်တဆ ပြန့်ကျဲသွားသလိုမျိုး သူ့နှလုံးသားက ထိတ်လန့်တုန်လှုပ်သွားကာ လူများကို အကျိုးအကြောင်းမဲ့စွာ ခြောက်ကပ်ကာ စိတ်မသက်မသာဖြစ်စေသည်။

ကျန်းရှုယောင် လက်ထပ်ဝင်မလာမီတွင် မြို့စားရှဲ့အိမ်တော်က သူမ၏ကိုယ်ရည်ကိုယ်သွေးအကြောင်း စုံစမ်းမေးမြန်းခဲ့သည်။ သူမက ဒေါသကြီးပြီး လွှမ်းမိုးချုပ်ချယ်တတ်ကာ ဒေါသကို ထုတ်ပြရသည်ကို နှစ်သက်သည်ဟု လူတွေက ဆိုကြ၏။ အခြားသူ၏အစေခံ ဖြစ်လျှင်ပင် ဒေါသထွက်သည်နှင့် တပြိုင်နက် ရိုက်နှက်ငေါက်ငမ်းကာ အပေါ်ယံမှာ ကိန်းကြီးခန်းကြီး ပြုမူတတ်၏။

ယခုမူ သူမက သူမ၏အစေခံများအပေါ် အလွန်ကောင်းကြောင်း သူမြင်နေရပြီး သူ့အလှည့်မရောက်မီ အစေခံကို ဆုချပြီးနေလေပြီ...

ကောလဟာလတွေက မယုံရပုံပေါ်သည်။ သူမက ယောက်ျားများနှင့်ဆက်ဆံရာတွင် ပြစ်တင်ရှုတ်ချခံရသော်လည်း သူမ၏အစေခံများကို ဆက်ဆံပုံမှာ အလွန်ရက်ရောသည်။

ရှဲ့ရွှင်း  သူ့ကိုယ်သူ နှစ်သိမ့်ရန် အကြောင်းပြချက်ရှာနေမှန်း သတိမထားမိလိုက်ပေ။ ဤသို့ တွေးပြီးနောက် သူအနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူမ၏ မဟားဒရားလုပ်တတ်သည့် အရည်အချင်းများနှင့် ချောမောလှပသော ယောက်ျားများကို ချောင်းကြည့်သည်ဟုသောယခင်က ကောလဟာလများသည်လည်း လွဲမှားနေပေလိမ့်မည်။

လန်းဆန်းတက်ကြွစွာ မတ်တတ်ထရပ်ပြီး အရှေ့တောင်ပံဆီသို့ ဖျတ်လတ်သွက်လက်စွာ လှမ်းသွားလိုက်သည်။

ခြံဝင်းငယ်လေးထဲသို့ လှမ်းဝင်ပြီးနောက် ကျန်းရှုယောင်  အရှေ့တောင်ပံတွင် မရှိသည်ကို တွေ့လိုက်ရသောကြောင့် ရှဲ့ရွှင်း  မီးဖိုချောင်ငယ်လေးဆီသို့ သွားခဲ့သည်။ သူ့မှာ ဘာမှလုပ်စရာမရှိသည့်အခါ ကျန်းရှုယောင်၏မီးဖိုချောင်ဆီသွားတတ်သည့်အကျင့်ကို သူ အကျင့်ပါနေပြီဖြစ်၏။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းDonde viven las historias. Descúbrelo ahora