ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

518 50 0
                                    

Chapter 90

သူမက ရေကူးတတ်ရုံတင်မကဘဲ အလွန်ကျွမ်းကျင်၏။ သူမက ငါးတစ်ကောင်ကဲ့သို့ ကူးခတ်နေပြီး သူ့ရှေ့သို့ တိုးကာ လမ်းကို ပိတ်ဆို့နေလေသည်။

သူမ၏ဆံထုံးက ပြေနေသည်မှာ ကြာပြီဖြစ်ကာ သူမ၏အနက်ရောင်ကေသာများက ကြွေကဲ့သို့ဖြူစွတ်နေသော မျက်နှာတွင် ကပ်နေပြီး စွဲမက်ဖွယ်ကောင်းပြီး ဆွဲဆောင်မှုရှိနေသည်။ ရေစက်လေးတွေက တောက်ပနေပြီး သူမ၏နဖူးကနေ မျက်တောင်မွေးတွေအထိ လျှောကျနေ၏။ သူမ မျက်တောင်ခတ်လိုက်သောအခါတွင် ရေစက်များသည်  ကြယ်ကြွေသကဲ့သို့ ကြွေကျကာ သူမျက်လုံးများရှေ့တွင် ပွင့်လန်းလာသည်။

"ကျွန်မရောပဲ"

သူမ နှုတ်ခမ်းကို ဖွင့်လိုက်သည်။

ရှဲ့ရွှင်း မတုံ့ပြန်နိုင်ဘဲဖြစ်သွား၏။

"ဘာလဲ"

ကျန်းရှုယောင်၏လွန်ခဲ့သည့်လအနည်းငယ်အတွင်းက အနှောင်အဖွဲ့များသည့် ယနေ့ညတွင် ပျောက်ကွယ်သွားခဲ့ပြီး ရုတ်တရက် သူမ သည်းထန်စွာရွာသွန်းသောမိုးနှင့် ထိတွေ့ခဲ့ရသည်။ သူမ လွတ်လပ်သွားသလို ခံစားခဲ့ရသည်။

သူမအပြုံးက တောက်ပပြီး ပြိုးပြိုးပြက်ပြက်ဝင်းလက်နေသည်။

"ကျွန်မ ပြောတာ ကျွန်မလည်းအတူတူပဲလို့...

ကျွန်မလည်း ရှင်နဲ့အတူရှိရတာပျော်တယ်"

ဝုန်း--ဝုန်း--

ရှဲ့ရွှင်း၏နှလုံးသားက ရုတ်ချည်း အကြိမ်ရေအနည်းငယ် နှေးကွေးလေးလံစွာခုန်ပေါက်သွားကာ ဘဝင်ခိုက်မှုတစ်သုတ်က အလုံးအရင်းနှင့် သူ့နှလုံးသားထဲသို့ ပြေးဝင်လာပြီး သူ့ကို မယုံနိုင်လောက်အောင် ကံကောင်းသည်ဟု ခံစားရစေသည်။

"မင်းပြောတာ မင်းလည်း ငါနဲ့သဘောထား အတူတူပဲလို့လား... "

သူ မသိစိတ်က အတည်ပြုလိုက်မိသည်။

"ဟုတ်တယ်"

ကျန်းရှုယောင်က ကျေနပ်စွာ ပြုံးလိုက်သည်။

ကျန်းရှုယောင်က အနည်းငယ်ပဲ စိတ်ရှုပ်ထွေးသွားသော်လည်း ရှဲ့ရွှင်းမှာ လုံးဝ အံ့သြသွားသည်။ ကျန်းရှုယောင် ဤကဲ့သို့ တုံ့ပြန်လိမ့်မည်ကို သူဘယ်တုန်းကမှ မတွေးခဲ့ဘဲ ထိုကဲ့သို့သော အလှတရားကို အိပ်မက်ပင်မမက်ဝံ့ခဲ့ပေ။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now