ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

641 54 0
                                    

Chapter 25

အကြွေးဟောင်း

လက်ထပ်ပြီးနောက်  ကျန်းရှုယောင် ၏အသွင်အပြင်သည် သူမ၏ယခင်ဝတ်စားဆင်ယင်ပုံနှင့်အလွန်ကွာခြားသည်။ ထိုအပြင် အသားတချို့စားပြီးသည့်နောက် သူမက ပိုချစ်စရာကောင်းပြီး လှပလာခဲ့၏။ ပေါင်ဒါ မှုန့်များ ဖုံးထားသော ငဖောင်ခြောက်ရိုး မျက်နှာ၊ယခင်ရယ်စရာကောင်းသည့် အသွင်အပြင်နှင့် အလွန်ကွာခြားသည်။

ပိုင်ကျီက သူမ၏ အကျီလက်နှစ်ဖက်ကို ခေါက်လိုက်ပြီး စာပေပညာရှင်ကို မျက်စောင်းထိုးကြည့်ကာ ကျန်းရှုယောင်ကို"သခင်မ... သွားကြစို့" ဟု ပြောလိုက်သည်။

ကျန်းရှုယောင် ရှုပ်ထွေးနေပြီး လှည့်တော့မည်ပြုစဥ်မှာ စာပေ ပညာရှင်က ခြေလှမ်းအနည်းငယ်တိုးကာ သူတို့ကို တားလိုက်၏။

"ရပ်"

ပိုင်ကျီက ခါးထောက်ပြီး ခပ်မာမာမေးလိုက်သည်။

"ရှင် ဘာလိုချင်လို့လဲ"

စာပေပညာရှင်က သူမမေးခွန်းကို မဖြေပေ။ သူက ကျန်းရှုယောင်၏ အဆင့်အတန်းမြင့်စွာပြင်ဆင်ထားသော အိမ်ထောင်ရှင်အမျိုးသမီးဆံထုံးကို ထူးဆန်းသောအမူအရာဖြင့် ကြည့်ကာဆို၏။

"မင်းလက်ထပ်ပြီးပြီလား"

ပိုင်ကျီက ရှဲ့ရွှင်း သူတို့နောက်မှာ ရှိနေတုန်းပဲဆိုသည် သတိရပြီး ရှဲ့ရွှင်းကိုရှာရန် အမြန်လှည့်ကြည့်လိုက်သည်။

သူမက အပြစ်ရှိသောစိတ်ဖြင့် အလုပ်ရှုပ်နေသောကြောင့် စာပေပညာရှင်ကို လျစ်လျူရှုခဲ့ပြီး ကျန်းရှုယောင်က စာပေပညာရှင်ကို ရင်ဆိုင်ရသူ ဖြစ်လာခဲ့သည်။

"ရှင့်မှာ ကိစ္စတစ်ခုခုရှိလား"

"သခင်မလေးကျန်း အခုဘယ်သူနဲ့လက်ထပ်ထားတာလဲဆိုတာ ငါမသိဘူး...အိုး မင်းရဲ့ခင်ပွန်းက မင်းလိုမိန်းမကို မယားအဖြစ်ထားနိုင်ဖို့ အာဏာရှိလို့လား ပိုက်ဆံရှိလို့လား"

ဤလူက အလွန်ချောသည်၊ သူ ဤမျှ ယုတ်မာသည့် စကားတွေ ပြောလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ပိုင်ကျီက သူတို့အနောက်၌ ခြေလှမ်းအနည်းငယ်အကွာတွင်ရပ်နေသော ရှဲ့ရွှင်း ကိုမြင်ပြီး စာပေပညာရှင်ဆီက ထိုသို့သောစကားကိုကြားလိုက်ရသည်။ သူမ ရုတ်တရက် ထိတ်လန့်သွားပြီး ခြေဆောင့်ကာ ကျိန်ဆဲလိုက်သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now