ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

735 70 1
                                    

Chapter 19

ပုဇွန်အစပ်နှင့် ကြာဆွယ်အနှစ်

ရှဲ့ရွှင်း အပြင်မှာ ရုန်းကန်နေရဆဲသကာလ ကျန်းရှုယောင် မီးဖိုချောင်ထဲက ထွက်လာသည်။

ရှဲ့ရွှင်း၏အကြည့်များက သူမနှင့် တိုးတိုက်မိသွားသဖြင့် သူ့ကို အနည်းငယ် စိတ်မသက်မသာဖြစ်စေသည်။

ကျန်းရှုယောင်က လုံးဝ ဂရုမစိုက်ဘဲ သူ့ကို ပြုံးပြပြီးဆို၏။

"ရှင်က အချိန်ကိုက်ပြန်လာတာပဲ... အခုမှ အိုးထဲခပ်ထားတာရယ်"

  

ထိုစကားကိုပြောပြီးနောက် သူမက အရှေ့တောင်ပံဆီသို့ တည့်တည့်သွားခဲ့သည်။

သူမ၏သဘောထားက သဘာဝကျပြီး သဘောထားကြီးနေ၏။ ရှဲ့ရွှင်း သူမ၏ သဘောထားကြောင့် သက်ရောက်ခြင်းခံလိုက်ရပြီး သူမကို အမှီလိုက်ရန် ကြိုးပမ်းခဲ့သည်။

နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်ကြသည်။ ကျန်းရှုယောင်  သူမစားနေချိန်တွင် အခြားသူများကို ခစားခိုင်းရသည်ကို မကြိုက်သောကြောင့် အစေခံများက ပန်းကန်ချပြီးနောက် နောက်ပြန်ဆုတ်သွားကြသည်။

မျက်နှာချင်းဆိုင်တွင် မတ်မတ်ထိုင်နေသော ရှဲ့ရွှင်းက အလွန်လေးနက်သောပုံစံဖြင့်ရှိနေသောကြောင့် ကျန်းရှုယောင်  အနည်းငယ်ရှုပ်ထွေး သွားသည်။

စားသောက်ရာတွင် ကြီးမားသောတားမြစ်ချက်မှာ ချုပ်တည်းထားခြင်းဖြစ်သည်။

သူမက စားပွဲပေါ်ရှိ ကြွေကရားကို ကောက်ကိုင်လိုက်ပြီး အနည်းငယ်ကိုင်း၍ ရှဲ့ရွှင်းအတွက် ဝိုင်တစ်ခွက် လောင်းငှဲ့လိုက်သည်။

၎င်းကိုမြင်သောအခါ ရှဲ့ရွှင်းက အံ့သြစွာနှင့်ဆို၏။

"ဒါက... ဝိုင်လား"

ထမင်းစားရင်းသောက်တဲ့ အမျိုးသမီးကို သူ တစ်ခါမှ မတွေ့ဖူးဘူး...

"ဟုတ်တယ်"

ထိုသို့ပြောလိုက်စဥ်မှာ ကျန်းရှုယောင်၏ မျက်လုံးများက လခြမ်းပုံသဏ္ဍာန် အပြုံးများအဖြစ် ပြောင်းလဲသွားသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now