ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

753 72 0
                                    

Chapter 85

ဝက်နားရွက်သုတ်

ရှဲ့ယောင်ကလည်း ပြေးပြီး ကျန်းရှုယောင်၏ ဝတ်ရုံလက်တစ်ဖက်ကို ဆွဲလိုက်သည်။ သူက သူမကို ချီးမွမ်းတော့မည်ဖြစ်သော်လည်း ကျန်းရှုယောင်က သူ့ပါးစပ်ကို အလျင်အမြန် အုပ်လိုက်သည်။

ရှဲ့ကျောက်က လွတ်မြောက်သွားပြီးနောက် ကျန်းရှုယောင်ကို ငေးကြောင်ကြောင်ကြည့်လိုက်သည်။ အချိန်အတော်ကြာမှ သူက မျက်တောင်ခတ်လိုက်ပြီး ပြန်တုံ့ပြန်လေသည်။

"တတိယအဒေါ်က ကောင်းကောင်း ချီးမွမ်းရင် ဆုချမယ်လို့ ပြောခဲ့တယ်လေ ...ဘာဖြစ်လို့ သားကိုမချီးမွမ်းခိုင်းတာလဲ ...အိုး နားလည်ပြီ...တတိယ အဒေါ်က ရှက်လို့လား"

ကျန်းရှုယောင်၏ ကလေးများကို ကျီစယ်ခြင်းဟူသော ကလေးဆန်သည့်ပြုအမူဖော်ထုတ်ခံလိုက်ရလေပြီ။သူမ မျက်နှာကအပူလောင်သလိုနီရဲသွားပြီး ရှုရှီနှင့် အခြားကြည့်ရှုနေသူများကို ကိုးရိုးကားယား ပြုံးပြလိုက်သည်။

ကျိုးရှီက ပထမဆုံး အကျယ်ကြီး ရယ်မောပြီးနောက် အားလုံးက ရယ်မောကြသည်။ အမြဲတမ်း ရုပ်တည်ကြီးနှင့်ရှိသော ရှဲ့လီသည်ပင် သူ့နှုတ်ခမ်းကို တွန့်လိုက်သည်။

ကျိုးရှီက ကျန်းရှုယောင်နှင့် အချိန်အတော်ကြာအတူရှိနေခဲ့သည်။သူမ၏ မွမ်းကြပ်မှုကို စွန့်လွှတ်ပြီးနောက် နယ်စပ်တွင် နေထိုင်စဉ်က သူမ၏ အလေ့အထကို ပြန်လည်ရရှိခဲ့သည်။ ကျန်းရှုယောင်၏ ပုခုံးများကို သတိမထားမိဘဲ ပွေ့ဖက်ကာ ပြုံးပြီးဆိုလိုက်၏။

"ညီမလေး... နင် အရင်က ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး....နင်က ချီးကျူးစကားတွေကို နားထောင်ရတာ ကြိုက်တယ်လား... ဒီလိုဆို ငါ့ရဲ့ လှည့်ကွက်တွေကို ပြောင်းလဲပြီး နင့်ကို နေ့တိုင်း ချီးမွမ်းရင်ရော ဘယ်လိုလဲ"

ရှုရှီက အခွင့်အရေးကို လက်လွတ်မခံဘဲဲ ပြောလေသည်။

"ငါ့ယောက်မက တကယ် ကလေးဆန်တာပဲ... ငါ့ပါးစပ်က အရမ်းတင်းကြပ်တယ်ထင်တယ်... ငါ့စိတ်ထဲမှာ ချီးကျူးစရာတွေ အများကြီးရှိပေမဲ့ နည်းနည်းလေးပဲ ပြောမိတယ် “

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWaar verhalen tot leven komen. Ontdek het nu