ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

454 40 0
                                    

Chapter 92

Smoothie

ရှဲ့ရှန့်က ခေါင်းငုံ့ကာ ရေခဲမုန့် ဆက်စားသည်။ကျိုးရှီ သူမ၏အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

ရှဲ့ရှန့်က ရေခဲမုန့်ကို တိတ်တဆိတ်စားနေပြီး ကျိုးရှီက ဘေးကနေ သူမကို ကြည့်နေသည်။ ရေခဲမုန့်ကို ပိုစားလေ သူမက ပိုချစ်စရာကောင်းလာလေပါပင်။ကျိုးရှီ ဤရေခဲမုန့်ပန်းကန် ဘယ်တော့မှ ကုန်မသွားစေရန် ဆုတောင်းမိသည်။

လက်တွေ့မှာ သူမမျှော်လင့်ထားသည့်အတိုင်း မဟုတ်သည့်အတွက် သနားစရာပင်။ ရုတ်တရက် သူမ၏ မျက်လုံးထောင့်တွင် အရိပ်တစ်ခု ပေါ်လာသည်။ သူမ သေသေချာချာကြည့်လိုက်သောအခါ ရှဲ့လန်က သူတို့ဆီ လျှောက်လာနေ၏။

ကျိုးရှီ  ရုတ်တရက်ထရပ်လိုက်သည်။ သူမသမီးကို အလွန်ကိုမှ အဖော်ပြုပေးချင်ပေမဲ့ ရှဲ့လန်ကိုမူ မတွေ့ချင်ပါချေ။ သူမကိုယ်မသူ မထိန်းနိုင်ဘဲ အပူရှိန်နှင့် သူမ၏စိတ်လိုက်မာန်ပါဖြစ်မှုတို့ကြောင့် သူ့ကို ရိုက်နှက်မိမှာကို သူမကြောက်သည်။

ရှဲ့ရှန့်အား စကားအနည်းငယ်ရှင်းပြပြီးနောက် သူမ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။ရှဲ့လန်က လမ်းလျှောက်လာရင်း အဝေးက သူမကျောပြင်ကို လှမ်းကြည့်ကာမေးလိုက်၏။

“အဲဒါ မင်းအမေလား”

ရှဲ့ရှန့်က ခေါင်းမထောင်ဘဲ ပန်းကန်ထဲက ရေခဲမုန့်ကို ဆက်စားနေရင်းဖြေသည်။

"ဟုတ်"

ရှဲ့လန်က ထပ်မေး၏။

"သူ ခုန မင်းဆီ လာတာလား...မင်းတို့ နှစ်ယောက် ဘာတွေပြောနေကြတာလဲ"

ရှဲ့ရှန့်က ခေတ္တရပ်ပြီး အဝေးကို မျှော်ကြည့်ကာ "ဘာမှမဟုတ်ပါဘူး" ဟုအသံတိုးတိုးလေးနှင့်ပြောသည်။

ရှဲ့လန် သူမ၏အရှင်သခင်ငယ်လေးပုံစံကိုမြင်ပြီး မနေနိုင်ဘဲ ရယ်လိုက်ကာ သူမရှေ့မှာဝင်ထိုင်လိုက်၏။

"မင်းကဘယ်သူနဲ့တူတယ်လို့ထင်လဲ... မင်းအမေနဲ့လည်းမတူ ငါနဲ့လည်းတူတာမဟုတ်ဘူး...ဒါပေမဲ့  မင်းရဲ့တတိယဦးလေးနဲ့တော်တော်တူတယ်...သူ ငယ်ငယ်ကလိုပဲ–"

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းDonde viven las historias. Descúbrelo ahora