ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

472 44 0
                                    

Chapter 113
ဘဲသားယာဂု(ဆန်ပြုတ်)

ရှဲ့ရွှင်း၏ နောက်ဆုံးအကြိမ် ထိန်းမနိုင်သိမ်းမရ တုံ့ပြန်မှုနှင့်ပတ်သက်၍ နှစ်ဦးစလုံးက ထိုသို့မဖြစ်ခဲ့သလို ဟန်ဆောင်ခဲ့ကြသည်။ နောက်ရက်အနည်းငယ်တွင် ကျန်းရှုယောင်က ရှဲ့ရွှင်း အနားယူရာတွင် ကြိုကြားကြိုကြား အဖော်ပြုပေးကာ ညနေပိုင်းတွင် ရှဲ့ရွှင်းကိုအရှက်မရစေရန်အတွက် သူမ ပိုင်ကျီအိပ်လေ့ရှိသည့် အပြင်ဘက်ခန်းတွင် တိုက်ရိုက်အိပ်စက်ခဲ့သည်။

သူမက ရှဲ့ရွှင်းအတွက် ယခုလိုလုပ်ခဲ့ပေဲ့ သူ့အတွက်က အပြစ်ပေးမှုတစ်ခုပါပင်။သူ သူမကို ကျူးလွန်မိသည့်အတွက် အခန်းထဲမှာ သူ့ကို အဖော်မပြုချင်တော့ဟုထင်နေ၏။

ရှဲ့ရွှင်း ဤရက်ပိုင်းတွင် ပြန်လည်သက်သာလာအောင်လုပ်နေသောကြောင့် အိပ်ရာထဲမှ ထမရသည့်အတွက် စာဖတ်ရုံသာ အချိန်ဖြုန်းနိုင်ခဲ့သည်။သို့ပေမဲ့ "အဲဒါ" ပြီးသွားကတည်းက သူ စာအုပ်ကို လုံးဝဖတ်၍မရတော့ပေ။

ကျန်းရှုယောင် ဝင်လာချိန်မှာ သူက စာအုပ်ကို ကိုင်ထားရင်း ငေးမောနေသည်ကိုတွေ့လိုက်ရ၏။

အမှန်တွင် ရှဲ့ရွှင်းက ငယ်ရွယ်ပြီး ကျန်းမာသန်စွမ်းသူဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သည်က ပုံမှန်ပါပင်။ ကျန်းရှုယောင် ရှက်နေသော်လည်း သူမစိတ်ထဲမထားမိပေ။

“ရှင့်စာအုပ်ဇောက်ထိုးဖြစ်နေတယ်"
သူမက ပြောလိုက်သည်။

ရှဲ့ရွှင်း အသိစိတ်ပြန်ဝင်လာပြီး စာအုပ်ကို ဇောက်ထိုးလှန်လိုက်သည်။ ပြန်ကြည့်လိုက်သောအခါ စာလုံးတွေက တကယ်ကို ဇောက်ထိုးဖြစ်နေ၏။

ကျန်းရှုယောင်း ရယ်မောရင်း သူ့ဘေးနားကို လျှောက်လာပြီး ဝင်ထိုင်လိုက်သည်။

"အခန်းထဲမှာနေတာ ရက်အတော်ကြာနေပြီ...ပျင်းနေပြီလား"

ရှဲ့ရွှင်းက စာအုပ်ကို ခေါင်းအုံးဘေးမှာ ထားလိုက်ပြီး တည်ငြိမ်ယောင်ဆောင်၏။

"အင်း...ဒါပေမဲ့  ငါ့ဒဏ်ရာက ပိုကောင်းလာတယ်...ရက်ပိုင်းအတွင်း အိပ်ရာက ထနိုင်မယ်ထင်တယ်"

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now