ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

505 49 2
                                    

Chapter 106

# ဂဏန်းဥဆော့စ်

ရှဲ့ရွှင်း အတော်လေး ရုန်းကန်ပြီးမှ ဆော့စ်ကို ထုတ်ကာ ဆားမပါသော ရိုးရိုးခေါက်ဆွဲတစ်ပန်းကန် ထမင်းချက်ကိုချက်ခိုင်းလိုက်သည်။

လူတိုင်းက ဘန်းမုန့်ပေါင်းနှင့်စွပ်ပြုတ်ကို စားနေကြတုန်းဖြစ်သည်။ သူပြောသည်ကိုကြားသောအခါ သူတို့ စပ်စုမိသွားသည်က မလွဲမသွေပါပင်။ သူတို့အားလုံး ရှဲ့ရွှင်းကို မျက်လုံးလှည့်ကြည့်ကြသည်။

ခဏအကြာမှာ  ရိုးရိုးခေါက်ဆွဲတွေ ပေါ်လာသည်။ ရှဲ့ရွှင်းက ဂဏန်းဆော့စ်ပါရှိသော ဝါးပြွန်ကိုဖွင့်ကာ တူများနှင့် တစ်ဇွန်းစာကော်လိုက်၏။

ရိုးရိုးသားသား ပြောရလျှင် ဝါးပြွန်သေးသေးလေး ထုတ်ယူလိုက်သည်ကို တွေ့လိုက်ရသောအခါ အားလုံးက စိတ်ပျက်သွားကြသည်။သူတို့အနေဖြင့် ရှဲ့ရွှင်းက နေ့တိုင်း မတူညီသော အစားအသောက်ဘူးကို ယူဆောင်လာသည်ကိုတွေ့ဖူးခဲ့ကာ သူ့အိမ်သို့သွားကာဟော့ပေါ့ကိုဂုန်းဆင်းခဲ့ဖူးသလို သန့်ရှင်းလတ်ဆတ်သော အစားအသောက်များကို စားရန် လမ်းဘေးအစားအစာဈေးသို့ သွားဖူးခဲ့ကြသည်။ သို့သော် ယခု ရှဲ့ရွှင်းက သေးငယ်သော ဝါးပြွန်တစ်ခုကိုသာ ထုတ်လိုက်သည်။

၎င်းကို သူတို့တွေးနေချိန်မှာ ရှဲ့ရွှင်းက သူ့တူချောင်းတွေသုံးပြီး လိမ္မော်ဝါရောင် ဆီပြန်ဂဏန်းဥဆော့စ် အပိုင်းအစကြီးကို ညှပ်ယူနေသည်ကို တွေ့လိုက်ရ၏။

ဂဏန်းဥဆော့စ်သည် အနုစိတ်လှပြီး လိမ္မော်ရောင် အပြည့်ရှိစေကာမူ အသားမပါဟု ထင်ရသည်။ ခေါက်ဆွဲပေါ်မှာ ကဏန်းဆီထည့်လိုက်ချိန်တွင် ဂဏန်းဆီကခေါက်ဆွဲထဲကို နစ်မြုပ်သွား၏။ အဖြူရောင် ပေါ့ပါးသော မျက်နှာပြင်ကို အဝါဖျော့ရောင်ဖြင့် ဆိုးထားသည်။

ဂဏန်းဥဆော့စ်၏ အဓိကပါဝင်ပစ္စည်းမှာ လတ်ဆတ်သောဂဏန်းဖြစ်သည်။ အိုးထဲကထွက်လာခါစ ခေါက်ဆွဲပူပူနှင့် ရောစပ်လိုက်သည့်အခါ  ကြွယ်ဝပြီး မွှေးပျံ့တဲ့ရနံ့နှင့် ရောစပ်ထားသည့် ဂဏန်းဥ၏ အဆိမ့်အရသာက သူတို့မျက်နှာဆီ ရုတ်တရက် ပြေးဝင်လာပြီး ယင်းက အလွန်ဆွဲဆောင်မှုရှိလေသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now