ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

494 43 3
                                    

Chapter 102

ရှုမိုင်အိတ်ကပ်

နောက်တစ်နေ့တွင် အရှေ့နန်းဆောင် သွား၍ ထိုအကြောင်းကို ပြောရန် သူမထိန်းနိုင်တော့ပေ။ ၎င်းသည် သူ၏လုပ်ဖော်ကိုင်ဖက်များထံမှ ချီးမွမ်းခြင်းများစွာကို ဖြစ်ပေါ်စေခဲ့သည်။လင်းချန်ကဆိုလျှင် တစ်စိတ်ကိုတစ်အိတ်လုပ်နေသည်။ နေ့တိုင်း သူ့မှာ ဘဲသားမုန့်ကို စားပြီး ဘဲသားမုန့်အဖြစ်သို့ရောက်လုနီးပါးးဖြစ်သည်။ လင်းချန် ဝမ်းသာလွန်း၍ သူ့ကို လက်ဖက်ရည်တစ်ခွက် ဆက်သလိုက်၏။

နောက်ပိုင်းတွင် နံနက်စောစော မနက်စာဆိုင်များကို နေရာအမျိုးမျိုးတွင် ဖွင့်လှစ်ခဲ့သော်လည်း ရှီးချန်တွင် လှုပ်ရှားမှုမရှိပေ။ လုပ်ဖော်ကိုင်ဖက်တွေက သူ့ကို လူလိမ်၊ပါးစပ်ကြီးသည့်လူတစ်ယောက်လို ကြည့်နေသောကြောင့် ရှဲ့ရွှင်း အပြစ်ရှိစိတ်ဖြင့် ကျုံ့သွားခဲ့သည်။ လုပ်ဖော်ကိုင်ဖက်တွေခမျာ သူ့ကို နေ့တိုင်း သတိပေးနေရသည်။ အမြန်စီစဉ်ဖို့ မင်းမိန်းမကို သွားခေါ်လိုက်...(နောက်မှဖြစ်လာမှာ)

..........

ညစာစားပြီးနောက် တစ်ယောက်က စာရေးစာဖတ်၊ ကျန်တစ်ယောက်က ပါဝင်ပစ္စည်းများကို ပြင်ဆင်သည်။ ထို့နောက် ညနေစောင်းသောအခါ အသီးသီး ရေချိုးကြပြီး အိပ်ရာဝင်ကြသည်။

ကျန်းရှုယောင် လင်းရှီ၏  စာနှင့် မနက်ဖြန်အတွက် လိုအပ်သော စကားဝိုင်းကို သတိရလိုက်သည်၊ သူမ ခေါင်းတွေ မူးဝေလာပြီး မကြာမီ အိပ်ချင်လာသည်။

သူမ အိပ်မက်မက်နေချိန်မှာ ရုတ်တရက် သူမလက်ထဲမှာ တစ်ခုခုကို ခံစားလိုက်ရ၏။

သူမ ရုတ်တရက် နိုးလာပြီး အိပ်ချင်မူးတူးဖြင့် ၎င်းကို ခံစားလိုက်ရသည်။ဘာလို့...လက်တစ်ဖက်လိုကြီးလဲ...

ကျန်းရှုယောင်  မျက်တောင်ခတ်ပြီး တုံ့ပြန်လိုက်သည်။ သူမ၏အိပ်ငိုက်ခြင်းက မရှိတော့ဘဲ ကူကယ်ရာမဲ့မှုနှင့် ရယ်ချင်မှုကိုသာ ခံစားခဲ့ရသည်။

ရှဲ့ရွင်း နှင့် ကျန်းရှုယောင်တို့ စတင် လက်ချင်းကိုင်ပြီးကတည်းက သူက သူမလက်ကို ညတိုင်း တိတ်တဆိတ် ဆုပ်ကိုင်ထားတတ်သည်။ ဒါက တကယ်ကို...

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now