ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

506 44 0
                                    

Chapter 98

ကျန်းရှုယောင်က ဤပါဝင်ပစ္စည်းများကို ဟင်းချက်ရန် အသုံးပြုနေချိန် သူမလည်းလက်မခံနိုင်ခဲ့ပါချေ။ သို့တိုင် ကျန်းရှုယောင်က သူမကိုပြသပြီးနောက် သူမ၏နှလုံးသားက လုံးဝစိတ်သန့်သွားခဲ့သည်။ သူမစားပြီးသောအခါတွင် ဤပါဝင်ပစ္စည်းများကိုအသုံးပြုပြီး ချက်ပြုတ်ခြင်းကို နှစ်သက်သဘောကျသွားခဲ့သည်။

"နင်တို့က ဘယ်လိုစားရမှန်း မသိလို့ ဒီမှာလျှောက်ပတ်ပြောနေတာလို့ ငါထင်တယ်...အရေးကြီးဆုံးက အရသာ၊ ပါဝင်ပစ္စည်းတွေရဲ့ ကျက်သရေ မဟုတ်ဘူး...ပါဝင်ပစ္စည်းတွေက အရေးမကြီးဘူး...ဒါကို နားမလည်ရင် နင့်ရဲ့ စားသောက်ဆိုင်က အလဟသဖွင့်ထားတာပဲလို့ ငါယူဆတယ်"

မင်းသားခန်း၏လူများ အလန့်တကြားဖြစ်သွားကြသည်။

"မဟုတ်ကဟုတ်က မပြောနဲ့...ဘယ်သူက စားသောက်ဆိုင်ဖွင့်တာလဲ...ငါတို့က ဒီလုပ်ငန်းထဲက မဟုတ်ဘူး"

ကျိုးရှီက  သူ့ကို လျစ်လျူရှုပြီး ဆက်ပြော၏။  "ဒါ့အပြင် နင်တို့ပြောတာက ဒီအရာတွေကညစ်ပတ်တယ်လို့လေ...အဲဒါက စျေးပေါလို့ မဟုတ်ဘူးလား... နင်တို့မျောက်ဦးနှောက်တွေ၊ သမင်ချိုတွေ၊ ဆိတ်ကြာပွတ်တွေစားတဲ့အခါကျ ပျို့ချင်စရာလို့ ဘာလို့ မပြောတာလဲ...ဟမ်"

[ET/N- မျောက်ဦးနှောက်များ၊ သမင်ချိုများနှင့် ဆိတ်ကြာပွတ်များ (လိင်တံ) တို့သည် များသောအားဖြင့် အမျိုးသားများ (အဟမ်း) လုပ်ငန်းဆောင်တာအတွက် တရုတ်ဆေးဖက်ဝင်ပစ္စည်းများဖြစ်သည်။]

ကျိုးရှီ၏အဝတ်အစားအသုံးဆောင်များက သူမကို မြင့်မြတ်သောအမျိုးသမီးတစ်ယောက်လိုဖြစ်အောင် ဖန်တီးထားသော်လည်း သူမက ယခုလိုကြမ်းကြမ်းတမ်းတမ်းပြောသောအခါ မင်းသား ခန်း၏လူများ အထပ်ထပ်အခါခါ ချွေးမပြန်ဘဲ မနေနိုင်ပေ။သူတို့ ခဏတာ ဆွံ့အသွားကြသည်။

"နင်တို့ငါ့ကိုမေးရင် အစားအသောက်က ဘာနဲ့လုပ်ထားတာလဲ ငါဂရုမစိုက်ဘူး... ဒီယုတ္တိအမှားတွေရဲ့ အဓိပ္ပါယ်က ဘာလဲ... အရသာကိုပဲ မြည်းကြည့်စမ်းပါ"

သူမက နှာခေါင်းရှုံ့ကာ အထင်အမြင်သေးစွာပြောဆို၏။

"လူတွေကို နင်တို့လိုမျိုးစားတယ်လို့ နင်တို့ထင်နေတာလား...နင်က ထမင်းစားကြီးတာမဟုတ်ဘူးလား... အဓိပ္ပါယ်မရှိတာ"

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now