ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

441 45 0
                                    

Chapter 118
ကြက်စွပ်ပြုတ်နှင့် တို့ဟူးတုတ်ထိုးများ

ကြက်စွပ်ပြုတ်နှင့်တို့ဟူးတုတ်ထိုး နှစ်ပန်းကန်ခပ်၊နွေကြက်သွန်စိမ်းနှင့်နံနံဖြူးပြီးသည့်အခါ အဘွားကြီးကမေးသည်။

"ကြက်သွန်ဖြူ ငရုတ်ဆီ လိုချင်သလား...နည်းနည်းလားများများလား"

နို့ထိန်းက သခင်မကြီးကို ခေါင်းလှည့်ကြည့်လိုက်သည်။သခင်မကြီးက စကားမပြောသဖြင့် သူမကပဲ ပြန်ဖြေလိုက်၏။

“ဟုတ်ကဲ့... ဘာပဲ ဖြစ်ဖြစ် အဆင်ပြေတယ်”

အဘွားကြီးက ဘေးကို လှည့်ကာ ပြူးပြဲကြည့်ပြီးမှ ကြက်သွန်ဖြူ ငရုတ်ဆီဗူးကို တွေ့သွားသည်။

သူမကို ထိုသို့မြင်လိုက်ရသောအခါ နိုထိန်းဖြစ်သူ  အရသာကို မလွဲမသွေ စိတ်ပူနေမိသည်။

ကြက်သားတို့ဟူးတုတ်ထိုး ရိုးရှင်းပုံပေါ်ပေမဲ့ သူမမျက်လုံးတွေက မကောင်းပါချေ။ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီး မတော်တဆ မှားထည့်မိလိမ့်မလား...

ထိုသို့ တွေးနေစဥ်တွင် ကြွပ်ဆတ်ဆတ်  ကလေးသံတစ်ခုထွက်ပေါ်လာသည်။

"အဖွား...သမီး လုပ်ပါရစေ"

သခင်မကြီးနှင့်နို့ထိန်း လမ်းဘက်သို့ လှည့်ကြည့်လိုက်ရာ ပန်းကန်လုံးနှစ်လုံးနှင့် ကလေးမလေးတစ်ယောက် ပြေးလာသည်။ သူမက နေရာတွင်ထိုင်ကာ သူတို့ကိုကြည့်ရင်း မောဟိုက်နေပြီး "ဧည့်သည်တို့...ခဏစောင့်ပါရှင်...မကြာခင် အဆင်သင့်ဖြစ်မှာပါ" ဟု မြန်မြန်ပြောခဲ့သည်။

သူမက ပြေးလာကာ ပန်းကန်လုံး ချလိုက်ပြီးနောက် ခုံတန်းလေးကို ဆွဲလိုက်သည်။ သူမက ထိုအပေါ် မတ်တပ်ရပ်လိုက်ပြီး ဇွန်းကို ကောက်ကိုင်ကာ မေး၏။

"အစပ်အနှစ် လိုချင်လား...နည်းနည်းလား များများလား"

အဘွားကြီးက နို့ထိန်းပြောသည့်စကားကိုပြန်ပြောသည်။

ကောင်မလေးက ဟင်းခတ်အမွှေးအကြိုင်တွေကို သပ်သပ်စီ ကော်ပြီး ခုံတန်းပေါ်က ခုန်ချလိုက်သည်။ ထို့နောက် ပန်းကန်ကို ကိုင်၍ ခပ်သွက်သွက်ပြေးလာပြီး ပန်းကန်ကို သူတို့ရှေ့မှာချကာဆိုသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now