ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

746 64 0
                                    

Chapter 20

နိုင်လွန်ရှောင်လုံပေါင်း

ရှဲ့ရွှင်း  လုံလောက်စွာစားပြီးသောအခါ စာအုပ်ဖတ်ရန် စာကြည့်ခန်းသို့ ပြန်သွားသည်။ သူတို့ နှစ်ယောက်က  ပေါင်းသင်းသည့် အချိန်မှာ သူတို့ကိုယ်သူတို့ ချစ်သူသို့မဟုတ် သူငယ်ချင်းဟု မယူဆခဲ့ကြပါချေ။ သူတို့က ထမင်းစားဖော်အဖြစ်ပင် တွက်၍မရပါဘဲ ကျန်းရှုယောင်က ရှဲ့ရွှင်းကို စားရန်နွေးထွေးစွာ ဖိတ်ခေါ်ခဲ့ခြင်းမျိုးဖြစ်လေသည်။

ကျန်းရှုယောင်  နေ့ရက်များကို တွက်ချက်ပြီးနောက် အတော်လေး စိတ်လှုပ်ရှားသွားသည်။ ရှဲ့ရွှင်းက သူမ၏ အစားအစာ အနည်းငယ်ကို စားခဲ့ပြီးဖြစ်၍ သေးငယ်သော တောင်းဆိုမှုက အလွန်အကျွံ မဖြစ်စေရန်အလားအလာရှိသည်။

ဤတစ်ခါ သူမ အစားများပြီး ထိုင်ရသည်မှာ အဆင်မပြေသည့်အတွက် မနက်ဖြန်အတွက် မနက်စာ ပြင်ဆင်ရန် မီးဖိုချောင်ကို ပြေးသွားကာ အစာကြေအောင် မတ်တပ်ရပ်နေရ၏။

တရုတ်နံနက်စာ ယဉ်ကျေးမှုသည် အရောင်အသွေးစုံလင်ပြီး မြောက်ပိုင်းနှင့် တောင်ပိုင်းအလေ့အထများမှာ အများအားဖြင့် ကွဲပြားသော်လည်း မြောက်နှင့်တောင်ကို ပေါင်းစည်းထားသည့် အရသာရှိသော အစားအစာများဖြစ်သည့် ဘန်းမုန့်များကဲ့သို့သော အရာများလည်း ပါဝင်သည်။

ဘန်းမုန့် အမျိုးအစားများနှင့် ပတ်သက်လာလျှင် စာရင်းက အဆုံးမရှိပေ။ မုန့်ပေါင်းဆိုင်ရှေ့ကို လှမ်းကြည့်လိုက်လျှင် ဆိုင်းဘုတ်ပေါ်ရှိ အမယ်မျိုးစုံ အစုံအလင် ထူထပ်စွာ ရှိနေသည်က လူကို အံသြစေလောက်အောင်ပင်။ ဆားစိမ်အသီးအရွက်အသားဘန်းမုန့်များ၊ အသားနှပ်ဘန်းမုန့်များ၊ အမဲသားနှင့်ကြာဇံဘန်းမုန့်များ၊ ပဲနီလေးဘန်းမုန့်များ၊ကြက်ဥနို့ပေါင်းဘန်းမုန့်များ... သို့သော် ကျန်းရှုယောင်၏အကြိုက်ဆုံးမှာ ရှောင်လုံပေါင်း သို့မဟုတ် စွပ်ပြုတ်ဖက်ထုပ်များဖြစ်သည်။

စွပ်ပြုတ် ဖက်ထုပ်လုပ်သည့်အခါ အကာနှင့်အဆာ အကုန်လုံးသေချာကျနလုပ်ရ၏။ မုန့်စိမ်းလုပ်၊ မုန့်သားကျအောင်ထားပြီး မုန့်စိမ်းကို ဆုပ်နယ်ပေးခြင်းဖြင့် လုပ်ငန်းစဉ်တိုင်းကို ဂရုတစိုက်ဆောင်ရွက်ရသည်။ အဆာကလည်း အတူတူပါပင်။ အသားအဆာများကို ဝက်ခြေထောက်ကနေ မှန်ကန်သောအဆီအချိုးဖြင့်  ပြုလုပ်ရသည်။ ဂျင်းနှင့် ကြက်သွန်နီတို့ကို ပါးပါးလှီးပြီး အသားအဆာ၏အရသာ ပြည့်စုံစေရန် တစ်ဖက်တည်းကို မွှေပေးရသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now