ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

1.3K 107 0
                                    

အခန်း 2:
ကြက်ဥလိပ်ကြော်နှင့် ကြက်သွန်စိမ်းခေါက်ဆွဲ

ရှဲ့ရွှင်း ဝမ်းသာအားရ ခုန်ပေါက်နေသော သူမ၏ ကျင့်ဝတ်ကင်းမဲ့မှုကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

သူမ သူ့ကို ဒီလောက်တောင် သဘောကျနေလား... သူ့ကိုမြင်ရုံနဲ့ သူမကို ပျော်ရွှင်စေတယ်...

ဟုတ်တယ်...သူ့အပေါ် ဒီလောက်သဘောမကျရင် ဘယ်လိုလုပ် ယဉ်ကျေးမှုမရှိ၊ ဖြောင့်မတ်မှုမရှိ၊ အရှက်မရှိဘဲ သူမကို လက်ထပ်ယူခိုင်းဖို အသက်အန္တရာယ်နဲ့ သူ့ကိုခြိမ်းခြောက်မှာလဲ...

ရှဲ့ရွှင်းက အရပ်ရှည်ပြီး ခြေတံရှည်ရှည်ကြီးများနှင့်ဖြစ်ကာ ကိစ္စများကို တွေးတောရင်း ခြေလှမ်းများစွာ လှမ်းခဲ့သည်။ ကျန်းရှုယောင် သူ့ကို အမှီလိုက်ရန် ပြေးလိုက်ရတော့၏။ ကံကောင်းထောက်မစွာဖြင့် သူမက ယနေ့ ရိုးရိုးရှင်းရှင်း၀တ်စုံကို ၀တ်ဆင်ထားပြီး ခေါင်းပေါ်တွင်လည်း လက်ဝတ်ရတနာ အနည်းငယ်သာ ၀တ်ထားသည်။ မဟုတ်လျှင် သူမ ပင်ပန်းပြီး

ချေွးထွက်များလာလိမ့်မည်။

ခဏလောက် လမ်းလျှောက်ပြီးနောက် ရှဲ့ရွှင်း သူတခြားတစ်ယောက်နှင့်လမ်းလျှောက်နေတာကို သတိရသြား၏။

ရုတ်တရက် သူခဏရပ်ပြီး ခေါင်းကိုပြန်လှည့်လိုက်ရာ ကျန်းရှုယောင် လန့်သွားပြီး သူနှင့် တိုက်မိလုနီးပါးဖြစ်သွားသည်။

ကျန်းရှုယောင် ချက်ချင်းပင် ဘရိတ်အုပ်လိုက်ပြီး သူ့ထံမှ ခြေလှမ်းဝက်တိတိ အကွာတွင် ရပ်လိုက်သည်။

သူမခေါင်းပေါ်ရှိ ငွေကြိုးနှင့် အနီရောင်မဟူရာ တို့သည် ပြင်းထန်စွာ ယိမ်းထိုးသွားကာ နံနက်ခင်းအလင်းရောင်က ဆွဲသီးကိုဖြတ်သွားပြီး တောက်ပရွှန်းလက်သောအလင်းရောင်ကို ရောင်ပြန်ဟပ် စေခဲ့သည်။ ရှဲ့ရွှင်း မနေနိုင်ဘဲ မ်က္လုံးမ်ားကို မှေးစင်းထားမိသည်။

သူ့ရှေ့ရှိလူက နှုတ်ခမ်းနီရဲရဲလေးကိုဖွင့်ကာ အနည်းငယ်ဟောဟဲလိုက်နေ၏။ အခုလေးတင်ဖြစ်သွားသည့်ကိစ္စကြောင့် သူမ၏ပါးပြင်များက နီမြန်းနေပြီး နှာသီးဖျားတွင် ချေွးပုတီးလေးများစို့နေကာ ချစ်စရာကောင်းမှုနှင့် ဆွဲဆောင်မှုတို့နှစ်ခုလုံးရှိနေသည်။ ရေခိုးရေငွေ့များနှင့်ပြည့်နေသည့် မ်က္လုံးတစ္စုံက ကြည်လင်တောက်ပနေပြီး သူ့ကို အံ့အားသင့်စွာ ကြည့်နေခဲ့၏။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now