Chapter 17
ခေါက်ဆွဲကြော်၊ တောင်ပံကင်၊ တရှဲရှဲ တို့ဟူး
ရှဲ့ရွှင်း စားပွဲပေါ်တွင် အချိန်အတော်ကြာ တိတ်ဆိတ်စွာ ထိုင်နေသည်။
မှန်ပေသည်၊ "အချိန်အကြာကြီး" သည် သူ၏စိတ်ထဲတွင်ထင်သောအရာဖြစ်၏။
အကြောင်းမှာ ကင်ထားသောတောင်ပံများ၏အရောင်က ဆွဲဆောင်မှုရှိလွန်းသောကြောင့်ဖြစ်သည်။
အရေက နီညိုရောင်ရှိပြီး တစ်ဖက်တွင် အနည်းငယ် မီးသင်းသကြားအုပ်ထားသည်။ သူမ ဘယ်လိုလုပ်ထားလဲမသိ၊ ပြောင်လက်နေပေမဲ့ ဆီရွှဲမနေပေ။
သူ တစ်ကိုက်ကိုက်စားကာ အရသာမြည်းကြည့်လိုက်သည်။ ပျားရည်သုတ်ထားသောကြောင့် အနည်းငယ်ချိုသော်လည်း သိပ်မသိသာဘဲ လတ်ဆတ်လေသည်။
ဇီယာအနှစ်က အရသာရှိပြီး ကြက်တောင်ပံကင်များမှာ ထူးခြားသောအရသာရှိနေသည်။ မျက်နှာပြင်ပေါ်တွင် ဖြူးထားသော ဇီယာမှုန့်က အရသာကို ပိုမိုရရှိစေသည်။ ကိုက်လိုက်သည့်အခါ သူ့လျှာဖျားက လတ်ဆတ်ပြီး အရည်ရွှမ်းနေသည့် ကြက်သားကို ထိသွား၏။ အပူကို ကောင်းစွာ ထိန်းချုပ်ထားသည်။ ကြက်သားက တို့ဟူးကဲ့သို့ နူးညံ့သော်လည်း ချော်လွန်းမနေသလို အကင်၏အဓိပ္ပါယ်ကိုလည်း ပျောက်ပျက်သွားစေခြင်းမရှိချေ။
ခေါက်ဆွဲကြော်ကို ကြည့်လိုက်သောအခါဤခေါက်ဆွဲစားပုံစားနည်းက နည်းနည်းဆန်းသည်ဟု သူထင်မိသည်။ ဟင်းရည်မပါဘဲ အနက်ရောင်ဆော့စ်ခပ်ပျစ်ပျစ်တစ်ခုသာရှိသည်၊ သို့သော်၎င်းက လူများကို စားချင်စိတ်ဆုံးရှုံးစေမည်မဟုတ်ပါချေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဤခပ်ပျစ်ပျစ်နှင့် စေးကပ်သော ဆော့စ်၏ အရသာကို သိချင်မိသည်။
ရှဲ့ရွှင်း တူတစ်စုံကို ကောက်ကိုင်လိုက်သည်။ ခေါက်ဆွဲကို ဆော့စမ်းထားသဖြင့် ခွဲယူရ တကယ်ခက်၏။ သူ တူကိုလှည့်လိုက်သောအခါ စေးကပ်နေသော ခေါက်ဆွဲများက လုံးထွေးနေဆဲဖြစ်ပြီး ပန်းကန်လုံးထဲက ခေါက်ဆွဲတချို့ကို ပါတန်းလန်းပါလာသည်။
သူက နည်းနည်း စိတ်ဓာတ်ကျသွား၏။ ခုနက ကြက်တောင်ပံများကလည်းက စားရ အလွန်ခက်သည်။ ကျန်းရှုယောင်က ကြက်တောင်ပံအရိုးများကိုပင် မဖယ်ရှားခဲ့ပေ။ သူ့မှာ ကြက်တောင်ပံများကို တစ်ဖက်ခြမ်းမှာမီးသင်း ပျားရည်ဆော့စ်ဖြင့်ညှပ်ကာစားခဲ့ရပြီး ပါးစပ်ထောင့်များကို အကြိမ်ပေါင်းများစွာ ညစ်ပတ်လုနီးပါးဖြစ်ခဲ့ကာ ပန်းကန်ထဲသို့ပင် ဆက်ကျသွားသည်။
![](https://img.wattpad.com/cover/342310491-288-k659141.jpg)
YOU ARE READING
ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း
Non-FictionNew Normal တစ်ပတ် သုံးပိုင်း update ပါမယ်ရှင် .. Normal novel page မွာ ဒီနေ့ပဲစဖတ်လို့ရပါပြီ Title - Ancient Foodeie Survival Guide Description ကျန်းရှုယောင်တစ်ယောက် ဝိညာဉ်ကူးပြောင်းကာ ဟိတ်ဟန်များသည့် ပုံစံနှင့် ကြိုးတိုးကြောင်တောင် ဝတ်စားဆင်ယင...