ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

489 52 0
                                    

Chapter 100

ခရုကြော်

ကိုယ်လုပ်တော်လင်း၏ မျက်လုံးများသည် အနည်းငယ် အောင်ပွဲခံနေခဲ့ပြီး ကျန်းရှုယောင်က သူမ၏ဂုဏ်ယူဝင့်ကြွားမှုပြီးနောက် ၎င်းကို စဉ်းစားနိုင်လိမ့်မည်မဟုတ်ကြောင်း သူမ မျှော်လင့်ခဲ့သည်။

"ခရုတွေကို အစားအစာအဖြစ် သုံးလို့ရလား"

သို့သော်လည်း ကျန်းရှုယောင်က လက်ခုပ်တီးပြီးဆိုလာ၏။

"ခရုလား...ဒါပေါ့...ကျွန်တော်မျိုးမ ခရုကြော်ကြိုက်တယ်"

ကိုယ်လုပ်တော်လင်း အံ့အားသင့်သွားပြီး

"ခရုဆိုတာ ဘာလဲ မင်းသိလား"

"သိပါတယ်"

ကျန်းရှုယောင်က ချောချောမွေ့မွေ့ပြန်ဖြေပြီးမှ ဟာကွက်တွေကို သတိထားမိသွားပြီး စကားအမြန်ပြောင်းလိုက်သည်။

"ပေကျင်းမြို့ဆင်ခြေဖုံးမှာရှိတဲ့ ပဲ့ကျွမ်းမှာ ကစားတုန်းက အဘွားကြီးတစ်ယောက်နဲ့ တွေ့ဖူးတယ်... သူ့မြေးက ခရုတွေဖမ်းပြီး အိမ်ပြန်ယူလာတယ်...ကျွန်တော်မျိုးမ စူးစမ်းချင်စိတ်တွေပေါက်လာပြီး တချို့ယူလိုက်တယ်... အချိန်အကြာကြီး ကြိုးစားလေ့လာပြီးတော့ နောက်ဆုံးမှာ နည်းလမ်းကောင်းတစ်ခုကို ရှာတွေ့ခဲ့တယ်"

သူမက မတ်တပ်ထရပ်ပြီး စိတ်အားထက်သန်စွာပြောလိုက်၏။

"အကယ်၍နျန်နျန်း တစ်ယောက်ယောက်ကို နန်းတော်ထဲကို ခရုရှာယူလာခိုင်းပေးမယ်ဆိုရင် အရသာရှိတဲ့ ဟင်းတစ်ခွက်ဖြစ်အောင် ကျွန်တော်မျိုးမ လုပ်ပေးမယ်"

နန်းတော်ရှိ မျိုးရိုးမြင့်များက ခရုများကို အလိုရှိသောကြောင့် အောက်ခြေလူများက လူများ ချက်ချင်း လွှတ်လိုက်ရသည်။ တောင်ပေါ်ရှိ စမ်းရေထဲမှ အလွန်သန့်ရှင်းသော ခရုအချို့ကို ဆောလျင်စွာ ကောက်ယူပြီး နန်းတော်ထဲသို့ ပို့လိုက်ကြသည်။

ကျန်းရှုယောင် တော်ဝင်ကိုယ်လုပ်တော်နန်းဆောင်တွင် နေ့လည်စာစားပြီးနောက် ခရုများကို အထဲယူဆောင်လာခဲ့ကြသည်။ကျန်းရှုယောင် မြို့စားရှဲ့အိမ်တော်မှ တောင်းဆိုသော ဟင်းခတ်အမွှေးအကြိုင်များကိုလည်း ယူဆောင်လာခဲ့သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now