ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

723 55 0
                                    

Chapter 26

:အဝတ်များဝယ်ယူခြင်း

ကျန်းရှုယောင် သူမကို အပြစ်တင်မည်ကို စိုးရိမ်သဖြင့် ရှဲ့ရွှင်း၏ မျက်နှာကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

သူမ ကြိတ်ပြီး  နောင်တရမိသည်။ သူမအပြင် ထွက်သည်နှင့် မူလပိုင်ရှင်ရှုပ်ထားသည့် အမျိုးသားတစ်ယောက်နှင့်တွေ့ဆုံမည်ဟု မည်သူကထင်မည်နည်း။

ရှဲ့ရွှင်း၏ ရင်ဘတ်ထဲတင်းကျပ်နေသည်။

လက်မထပ်မီတွင် ကျန်းရှုယောင်လုပ်ခဲ့သည့် အဓိပ္ပါယ်မဲ့သောအရာများကို သူသိသည်။ သူ သူမကိုလက်ထပ်ယူပြီးပြီဆိုကတည်းက သူမ၏အရင်ကိစ္စတွေကို ဗွေယူမှာမဟုတ်ပေ။ ထို့အပြင် သူမကိုလက်ထပ်ခြင်းသည် မိဖုရားခေါင်ကြီး၏လက်ထပ်မိန့်ဆုလာဒ်ကို ရှောင်ရှားခြင်းထက်ဘာမှမပိုဘဲ ၎င်းကိုကိုင်တွယ်ဖြေရှင်းရန်သာဖြစ်သည်။

ယခု သူ ဒေါသမထွက်သင့်ပေ။

သူက စူစူအောင့်အောင့်ဖြစ်နေသလို ကျန်းရှုယောင်လည်း အနည်းငယ်ရှက်ရွံ့နေပေမဲ့ မျက်စိကျိမ်းလောက်အောင် ရွှန်းရွှန်းဝေအောင် စီစဥ်ခင်းကျင်းထားသည့် ရွှေအဆင်တန်ဆာတွေက သူမကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့သည်။

ခင်းကျင်းပြသထားသည့် လက်ဝတ်ရတနာများကြောင့် သူမ အံ့အားသင့်ခဲ့ရသည်။ ဤလက်လုပ်ရတနာများသည် အလွန်လက်ရာမြောက်ပြီး လှပသည်။ ဆံညှပ်များ၊ ဆံထိုးများ၊ ဘီးကုပ်များသည် အလွန် ထည်ဝါတင့်တယ်လှပြီး ချိတ်များကိုပုတီးများဖြင့်စီခြယ်ထားကာ  ရှုပ်ထွေးသောလက်ရာများဖြစ်သည်။

ဆိုင်ရှင်က သူမကို မြင်သောအခါတွင် ထူးခြားသော နောက်ခံရှိကြောင်း သိလိုက်သည်။ သူက သူမဆီလာပြီးယဥ်ကျေးစွာဆို၏။

"သခင်မလေး...လက်ဝတ်ရတနာတွေ ဝယ်ချင်လို့လား... ဒုတိယထပ်ကို ဘာလို့ မတက်တာလဲ...ဒုတိယထပ်က ဆိုင်ရဲ့အသစ်အဆန်းတွေကို တက်ကြည့်ပါလား"

ကျန်းရှုယောင်က ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ ပိုက်ဆံရှိသည်က အလွန်ကောင်းပါ၏။

ဆိုင်ရှင်က သူမကို ဒုတိယထပ်သို့ ခေါ်သွားကာ သူမ၏အစေခံက နောက်မှ လိုက်သွားခဲ့သည်။ ရှဲ့ရွှင်း  ခေတ္တရပ်နေပြီး နောက်မှလိုက်သွားခဲ့သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now