ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

784 63 3
                                    

Chapter 72

သိုးသားတုတ်ထိုးကင်

အသားဆော့စ်၊ အချဉ်ဟင်းရည်၊ ခရမ်းသီးနှင့် အသားနုတ်နုတ်စင်း စသည်များလိုမျိုး လက်ခုတ်ခေါက်ဆွဲအတွက် ထည့်စားစရာအပိုအဆာ အများကြီးရှိ၏။ သာမန်ခေါက်ဆွဲတွေနှင့်မတူဘဲ စွတ်ပြုတ်ကို တွဲဖက်အဖြစ် လူအများပိုသုံးလေ့ရှိကြကြသည်။

ယနေ့ ကျန်းရှုယောင် လုပ်ထားသည်က အရိုးရှင်းဆုံး ဝက်သားဆော့စ်ဖြစ်၏။ အနီရောင်ဆော့စ်ကို ဆီနီအလွှာပါးပါးလေးနှင့် ဖုံးအုပ်ထားပြီး ပဲငပိကလည်း အလွန်မွှေးသည်။ နုတ်နုတ်စဉ်းထားသော အသားများကို လှီးဖြတ်ပြီး စွပ်ပြုတ်ထဲတွင် စုပုံထားရသည်။

ခုတ်ခေါက်ဆွဲပေါ်တွင်  စွတ်ပြုတ်ပူပူတစ်ဇွန်းကို သူမ လောင်းထည့်လိုက်သည်။ နှင်းဖြူရောင်  ခုတ်ခေါက်ဆွဲသည် အနီရောင်ဆီ အရောင်စွန်းထင်းနေပြီး ဟင်းရည်က အနှစ်ကျအောင်ကျိုထားသော်လည်း မပျစ်ပါချေ။ အပေါ်ကနေ နွေကြက်သွန်နှင့်နံနံကို ဖြူပြီး စားပွဲပေါ် တင်လိုက်သည်။

ခုတ်ခေါက်ဆွဲများသည် မိုးမခအရွက်ကဲ့သို့ ပုံသဏ္ဍာန်ရှိပြီး ချောမွေ့နူးညံ့သောအသွင်အပြင်၊ အတွင်းတွင် ထူပြီး ဝါးရသည်။ ခေါက်ဆွဲကို စွပ်ပြုတ်ထဲမှာ စိမ်ထား၏။ ခေါက်ဆွဲရနံ့က ဟင်းရည်ထဲကို ရောစပ်ပြီး ခေါက်ဆွဲက စွပ်ပြုတ၏ရနံ့ကို စုပ်ယူထားသည်။

အသားနုတ်နုတ်စင်းဆော့စ်နှင့် ခေါက်ဆွဲဖတ်တို့ကို ရောနှောထားသည်။ ၎င်းတို့ကို ရောမွှေလိုက်လျှင် စေးကပ်သော အသံတစ်ခု ထွက်ပေါ်လာမည်ဖြစ်သည်။ဆော့စ်၏ရနံ့သည် အပူနှင့်အတူ လေထဲတွင် ပျံ့လွင့်သွားကာ လူတို့အာ ရုတ်တရက် ဗိုက်ထဲတွင် ဗလာဖြစ်နေသည်ဟု ခံစားရစေသည်။ သက်တောင့်သက်သာရှိစေရန်ဤပူနွေးနွေး အသားအရသာ လက်ခုတ်ခေါက်ဆွဲကို စားရန် အရေးတကြီးလိုအပ်၏။

ခေါက်ဆွဲလုပ်ရာတွင်လည်း ပါဝင်ခဲ့သဖြင့် ကျိုးရှိအတွက် ခေါက်ဆွဲသည် ပို၍မွှေးလာသည်။ သူမ ခေါင်းငုံ့ကာ ခေါက်ဆွဲကို ဆယ်လိုက်သည်၊ အပူက သူမမျက်နှာကို နီရဲလာစေပြီး အငန်မွှေးရနံ့က နှာခေါင်းထဲတွင် ပြည့်နေသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now