ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

641 60 0
                                    

Chapter 53

အညိုရောင်သကြားအအေးကိတ်နှင့် အနှစ်ခေါက်ဆွဲ

ကျန်းရှုယောင်က စာကို ပြီးအောင်ဖတ်သည်။ သူမက စာကိုခေါက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ရှဲ့ရွှင်းကိုကြည့်၍ဆို၏။

"ရှင်ဘာလို့ ထူးဆန်းနေတာလဲ"

သူက အတင်းအဖျင်းပြောလေ့ရှိသူနှင့်မတူပေ။

ရှဲ့ရွှင်း  မသက်မသာ ချောင်းဟန့်လိုက်သည်။

"ဘာမှ ကြီးကြီးကျယ်ကျယ် မရှိပါဘူး... စားသောက်ဆိုင် ဘယ်တော့ဖွင့်မလဲ မေးတာ"

ရှဲ့ရွှင်းက ခေါင်းညိတ်ပြီး "ဒီစားသောက်ဆိုင်ကို ဆိပ်ကမ်းမှာဖွင့်မှာဆိုတော့ မျိုးရိုးမြင့်တွေကို မရောင်းဘူး...သူပါဝင်ချင်တယ်ဆိုရင်တော့ အခွင့်အလမ်းရှိမှာ မဟုတ်ဘူး"

"ဟုတ်တယ်...ဒါပေမဲ့  သူ့မှာ နှလုံးသားရှိတယ်"

ကျန်းရှုယောင်က ဘေးကလူတစ်ယောက်ကို စုတ့တံ၊ မှင်၊ စက္ကူနှင့် မှင်သွေးကျောက်တို့ကို ယူရန် ခိုင်းလိုက်သည်။

ရှဲ့ရွှင်း ကောချင်ရှုကို နားမလည်သလို ကျန်းရှုယောင် ထံသို့ ချဉ်းကပ်လာသည့် သူမ၏ ရည်ရွယ်ချက်ကိုလည်း နားမလည်ပေ။ စင်စစ်အားဖြင့်  သူတို့နှစ်ယောက်လုံးက မတူညီသည့် စိတ်ထားတွေရှိကြပြီး သူငယ်ချင်းဖြစ်လာရန်က မဖြစ်နိုင်ပါချေ။

သူ သွေးရူးသွေးတန်း တွေးတောနေစဥ်မှာ ကျန်းရှုယောင်က ပြန်စာရေးပြီးနေပြီဖြစ်ကာ ရုတ်တရက် သက်ပြင်းချလိုက်သည်။

"ဘာဖြစ်တာလဲ"

ကျန်းရှုယောင်က မေးစေ့ကို ပွတ်ပြီး ညည်းညူလေသည်။

"ဘာမှမဟုတ်ပါဘူး...ကောသခင်မလေး မပါဝင်နိုင်တာကိုတွေးနေတာ...ကျွန်မအတွက်လည်း အတူတူပဲ မဟုတ်ဘူးလား...ဘဝမှာ ပထမဆုံးဆိုင်ဖွင့်ခဲ့ပေမဲ့ မတတ်နိုင်ခဲ့ဘူး"

ရှဲ့ရွှင်း သိချင်သွား၏။

"ဘာလို့မတတ်နိုင်တာလဲ"

ကျန်းရှုယောင်က မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီးဆိုလေသည်။

"အယ်... သွားလို့ရတာလား"

"ရတယ်လေ... မင်းသွားချင်ရင် သွားလို့ရတယ်" ရှဲ့ရွှင်း နေ့ကို တွက်ကြည့်လိုက်သည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now