ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

544 43 0
                                    

Chapter 60

ဝက်သားခြောက်

လေးနက်တည်ကြည်ပြီး ခေတ်မမီသော အစ်ကိုကြီးနှင့် နှိုင်းယှဉ်ပါက ကျန်းရှုယောင်သည် နူးညံ့သိမ်မွေ့ပြီး ရည်မွန်သော ဒုတိယအစ်ကိုကို အမြဲတမ်း နှစ်သက်သည်။ ထိုညတွင် ရှဲ့လီက သူမကို သတိပေးပြီး သူမနှင့် ထိပ်တိုက်တွေ့စဥ်က ရှဲ့လန်က အလွန်နူးညံ့သိမ်မွေ့သော အကိုကြီးတစ်ယောက်လို ပြုမူခဲ့သည်။ သူမအတွက် မြို့စားရှဲ့အိမ်တော်ကြီးမှာ သူစိမ်းတစ်ယောက်ဆီက ကြင်နာမှုကို ပထမဆုံးအကြိမ် ခံစားခဲ့ရခြင်းဖြစ်၏။

ယခုမူ ရှဲ့လန်၏ ချောမောပြီး ရည်မွန်သော မျက်နှာကို ကြည့်ပြီး သူမ ယင်ကောင်ကို စားရသကဲ့သို့ ရွံရှာသွားမိသည်။ ကျိုးရှီကို သူမ မကြိုက်လျှင်ပင် သူမအနေဖြင့် စာနာမှု အနည်းငယ် ခံစားနိုင်သည်။

ရှုရှီက  သက်ပြင်းချကာ ကျန်းရှုယောင်ကို ထွက်သွားရန် ရှေ့သို့ အမြန်ဆွဲခေါ်လိုက်သည်။

ကျန်းရှုယောင်နှင့်ရှုရှီ  အခန်းထဲမှ ထွက်လာခဲ့သည်။ အစေခံက ကန့်လန့်ကာချနေစဥ်တွင် သူမ နောက်ကို လှည့်ကြည့်လိုက်၏။ ရှဲ့လန် ၏ခန္ဓာကိုယ်က ဝါးပင်ကဲ့သို့ အရပ်ရှည်ပြီး ဖြောင့်ကာ သူ၏ စိတ်နေသဘောထားက ရည်မွန်ပြီး ရှဲ့ရွှင်းနှင့် ဆင်တူသည်။

သူမရုတ်တရက် လေးအနက်တည်ကြည်သွားသည်။ စိတ်ထဲတွင် ရှုပ်ထွေးနေသော အတွေးများကို ဖယ်လိုက်ပြီး ခန်းမထဲမှ အမြန်ထွက်လာခဲ့သည်။

ထိုသို့သော အကျည်းတန်သည့်ဖြစ်ရပ်မျိုးကို တွေ့ကြုံပြီးနောက် ရှုရှီကဲ့သို့သော ဂုဏ်သိက္ခာရှိပြီး ကြော့ရှင်းသော အမျိုးသမီးတစ်ဦးပင်  သက်ပြင်းချခဲ့ရ၏။

"တကယ်ပါပဲ..."

ကျန်းရှုယောင် ကျိုးရှီ၏  မတော်တဆမှုနှင့်ပတ်သက်၍ သက်ပြင်းချမိသည်ဟု ထင်ကာ ဘာမှမပြောလိုက်ပေ။

ရှုရှီက ကျန်းရှုယောင် ၏မျက်နှာကို အကြိမ်အနည်းငယ် စိုက်ကြည့်ပြီးနောက် ရုတ်တရက်ဆို၏။

"ဒီကိစ္စက အဆုံးမရှိဖြစ်နေမှာ... နောက်နှစ်ရက်လောက်အတွင်း ရှို့နင်ခန်းမဆောင်ကို လျှော့သွားသင့်တယ်...သခင်မကြီးကို ဒေါသဖြစ်ရင် မကောင်းဘူး"

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now