ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

637 48 1
                                    

Chapter 43

ခေါက်ဆွဲအေးမီးကင်

ကျန်းရှုယောင် ထိုသို့သောအရာများပြောပြသည်ကို ရှဲ့ရွှင်းပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်၏။ သူ သက်ပြင်းချကာ သူမကို မျက်ရည်သုတ်ပေးလိုက်သည်။

"ဒါက မင်းအမေရဲ့ရွေးချယ်မှုလေ...အရာရာတိုင်းက ကံကြမ္မာအလိုကျပါပဲ...အနည်းဆုံးတော့ သူ့မှာမင်းရှိသေးပါတယ်"

"ကျွန်မသိပါတယ်"

သူမ ရှဲ့ရွှင်း၏ပခုံးပေါ်မှီကာ မျက်ရည်များကျလာသည်။

"သူ အဖေ့ကို မချစ်မိခဲ့ဘူးဆိုရင် အိမ်ထောင်ပြုပြီး ဒုက္ခရောက်နေစရာ မလိုပါဘူး...ချစ်ခြင်းမေတ္တာနဲ့ ရှေ့သွားနောက်လိုက်ညီမှုတွေက  ဘယ်လိုလုပ် ဒီလိုမျိူး  အဆုံးသတ်သွားရတာလဲ...သူ ဘာကြောင့် အရာအားလုံးကို ဆုံးရှုံးခဲ့ရတာလဲ"

ရှဲ့ရွှင်း သူမအားမည်သို့နှစ်သိမ့်ရမည်ကို မသိသောကြောင့် မျက်ရည်များကိုသာ သုတ်ပေး နိုင်ခဲ့သည်။

ကျန်းရှုယောင် စိတ်ဓာတ်ကျပြီး အရက်မူးခြင်းကြောင့် စတင်ရူးသွပ်လာသည်။သူမ ဘာတွေတွေးနေမှန်း၊ ဘာပြောနေမှန်းမသိတော့ပေ။ သူမ  ငိုယိုပြီး ယောကျာ်းတွေကို အပြစ်ရှိသည့်အတွက် ဆဲဆိုကြိမ်းမောင်းနေခဲ့သည်။

ရှဲ့ရွှင်းက တိတ်တိတ်လေး နားထောင်ပြီး သူမ ငိုနေသည် ကြည့်နေခဲ့၏။ သူမ၏မိတ်ကပ်များက ပေပွနေပြီး မျက်ရည်များနှင့် နှာခေါင်းမှအချွဲများဖြင့် မျက်နှာက စိုစွတ်နေသည်။သူ သူမကိုစကားလုံးအနည်းငယ်ဖြင့်နှစ်သိမ့်ပေးရန် ကြိုးစားခဲ့သည်။

“အဲလိုတော့ မဟုတ်ပါဘူး... အိမ်ထောင်သက် နှစ်အတော်ကြာသွားပြီဖြစ်တဲ့ ငါ့အစ်ကိုကြီးနဲ့ ငါ့ခယ်မအကြီးဆုံးကို ကြည့်လိုက်... အစ်ကိုကြီးက သူ့ကို ခါတိုင်းလို ချစ်နေတုန်းပဲ...အရင်အတိုင်းပဲဆက်ဆံနေတုန်းပဲ"

သူက သူမဆံပင်လေးကို သပ်ပေးရင်း သက်ပြင်းချကာဆိုလိုက်၏။

"ဖြစ်နိုင်တာက မင်းမိဘတွေရဲ့ ခံစားချက်က မနက်ရှိုင်းဘူး"

ဤစကားက ကျန်းရှုယောင်ကို တစ်နည်းနည်းနှင့် သဘောကျသွားစေသည်။ သူမ အငိုရပ်သွားပြီး ရှဲ့ရွှင်း၏ ခန္ဓာကိုယ်ကို မှီကာ ကြောင်တက်တက် စိုက်ကြည့်နေသည်။ ရှဲ့ရွှင်းက သူမအမူးပြေသွားပြီဟု ထင်လိုက်သောအခါ သူမက ရုတ်တရက် မေးလာသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now