ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

492 54 1
                                    

Chapter 107
Sue Xing NwayJune 11, 2023
Chapter 107

ပေကျင်းမှ အချစ်ထုပ်



ဆော့စ် တစ်ပြွန် ဆုံးရှုံးပြီးနောက် အရှေ့နန်းဆောင် ပရော်ဖက်ရှင်နယ်ဂုန်းဆင်းရေးအဖွဲ့၏ အငွေ့အသက်များ ကျဆင်းသွားခဲ့သည်။

ပြီးခဲ့သောရက်အနည်းငယ်တွင် ဆော့စ်က ပိုပို၍ လျော့နည်းလာသည်။ အရင်က အရသာအပြည့်ရှိသည့်  အရသာကို ကျင့်သားရပြီးနောက်တွင် ယခု  ဆော့စ်အနည်းငယ်ပဲ တို့ရသည့်အခါ ဘန်းမုန့်တွေက အရသာမရှိသလို ခံစားရ၏။

ရလဒ်အနေဖြင့် အိမ်ရှေ့စံနှင့်သူ့အဖွဲ့၏ထက်သန်သော စိတ်ဓာတ်တွေ မရှိတော့သည်ကို သာမန်ပြည်သူတွေက တွေ့ရှိခဲ့ကြ၏။ ယင်းအစား သူတို့သည် ပုံပုံကျပြီး စိတ်ဓာတ်ကျနေကြသည်။

လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုမှာ သူတို့ နှလုံးသားထဲတွင် ဆူးများ ပေါက်စေခဲ့ပုံရသည်။

အထူးသဖြင့် အိမ်ရှေ့စံ။ သာမန်ပြည်သူတစ်ဦးအသွင်ဖြင့် လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သော  လုပ်ကြံသူအတွက် သူ အလွန်ဝမ်းနည်းနေပေလိမ့်မည်။

အမှန်တွင်လည်း အိမ်ရှေ့စံမင်းသားက တကယ် စိတ်မကောင်းဖြစ်နေသည်။

"ဒါတွေအားလုံးက ဒီမင်းသားရဲ့အပြစ်ပဲ"

သူက သက်ပြင်းချရင်း

"ဒီမင်းသားကို ကာကွယ်ဖို့အတွက်သာ မဟုတ်ရင် ချင်ကျန်းက ကိုယ်တော့်ကို ကယ်တင်ဖို့ ဆော့စ်ပြွန်ကို ပစ်ထုတ်ပစ်မှာ မဟုတ်ဘူး"

လာမယ့်ရက်အနည်းငယ်အတွင်း အဖြူရောင် ဘန်းမုန့်တွေကိုသာ စားနိုင်ပြီး အပြန်လမ်းမှာ မုန့်ခြောက်စားရမည်ကိုတွေးပြီး လူတိုင်းက ဆိတ်ဆိတ်နေခဲ့ကြသည်။

"အရှင်မင်းသား...မင်းအပြစ်မဟုတ်ပါဘူး"

ရှဲ့ရွှင်း သူတို့၏ စိတ်ဓာတ်ကျနေသည်ကို မကြည့်ရက်ပါချေ။ နှစ်သိမ့်ရန် မတ်တပ်ထရပ်လိုက်သည်။

"ဟုတ်တယ်"

မင်းသားက ခေါင်းတညိတ်ညိတ်နှင့် အလေးအနက်ဟန်ဖြင့်ဆိုသည်။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now