ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်း

666 51 0
                                    

Chapter 41

ဟမျဘာဂါ

ရှက်စရာကောင်းလွန်းသည်။ ရှဲ့ရွှင်းပေါင်ကို ဖက်ထားသူတစ်ယောက်အနေဖြင့်  သူမ၏လက်ကို မြှောက်ပြီး နှုတ်ထွက်ချင်ခဲ့၏။

ရှဲ့ရွှင်း  မူလက ထိပ်ဆုံးနေရာအတွက် တိုက်ပွဲဝင်ရန် စိတ်မဝင်စားခဲ့ပေ။ မည်သို့ပင်ဖြစ်စေ  အောင်ပွဲက သူ့အတွက် အရေးမကြီးပါချေ။သို့ပေမဲ့ ကျန်းရှုယောင်က သူ့ဘေးမှာ ထိုင်နေသဖြင့် သူ သူမရှေ့မှာ အရှံ့မပေးနိုင်ပေ။

ဒါပေမဲ့ လက်မလျော့ဘဲတင်းခံနေမယ်ဆိုရင် သူက နိုင်လိုစိတ်ပြင်းတဲ့လူဖြစ်သွားမှာလား... ကျန်းရှုယောင်က သဘောမကျဖြစ်မှာလား...

သူ ထိုအကြောင်းကို မသိစိတ်ဖြင့် တွေးနေမိသည်။

ကောချင်ရှုက မြန်မြန်ဖြေပြီး သူလည်း မြန်မြန်ပြန်ဖြေ၏။ တစ်ဒါဇင်ကျော်ကြာပြီးနောက်၊ ကောချင်ရှု၏ အဖြေက ပိုပို နှေးကွေးလာသည်။ နောက်ဆုံးတွင် သူမ အဖြေမထုတ်နိုင်ဘဲ ဝိုင်တစ်ဖန်ခွက်သောက်ပြီး ထွက်သွားခဲ့သည်။

လူတိုင်းသည် ပွဲကောင်းတစ်ပွဲကိုကြည့်လိုက်ရသလို ခံစားရပြီး ရှဲ့ရွှင်း၏မျက်နှာကို စိုက်ကြည့်လိုက်ကြ၏။

ရှဲ့ရွှင်း အတွင်းစိတ်တွင် ရုန်းကန်နေရဆဲဖြစ်သော်လည်း ချက်ခြင်းပင် အနိုင်ရခဲ့သည်။ သူ ကျန်းရှုယောင်ကို စိုးထိတ်စွာ ကြည့်လိုက်သည်။

ကျန်းရှုယောင်  သူ့ကို မကြည့်ပေ။ ယင်းအစား သူမက ထပ်ကာထပ်ကာ မျှောနေသောဝိုင်ဖန်ခွက်ကိုယူကာ တစ်ငုံသောက်ပြီး ကောချင်ရှုကို ဦးညွှတ်၍ပြောလိုက်၏။

"ကောသခင်မလေးက အရမ်းတော်တာပဲ"

စင်စစ်အားဖြင့် ရှဲ့ရွှင်းကငယ်စဉ်ကတည်းက တော်ဝင်စာမေးပွဲအတွက် လေ့လာခဲ့သူဖြစ်သည်။ကောချင်ရှုက ယခုအချိန်အထိ ဆက်ရှိနေနိုင်သည်။ တကယ်ကို တော်ခြင်းဖြစ်၏။

ကောချင်ရှုက အေးစက်စွာ ပြန်ဦးညွှတ်ပြီး "အဓိပ္ပါယ်မဲ့တဲ့ ချီးကျူးမှုပါ" ဟု တိုးတိုးလေးပြောသည်။

ပွဲကောင်းတစ်ပွဲကို စောင့်မျှော်နေကြသည့် သခင်မလေးများ  ရင်ခုန်လာကြ၏။

ခေတ်ဟောင်းရောက်foodieတစ်ယောက်၏ရှင်သန်ခြင်းWhere stories live. Discover now