Chapter 22.1 (Z)

183 3 0
                                    

"ကျောင်းသားတို့ ကျောင်းသူသစ်ကို လက်ခုပ်သံနဲ့ နွေးနွေးထွေးထွေး ကြိုဆိုကြလိုက်ကြစို့။"

စင်မြင့်ပေါ်မှလက်ခုပ်သံရဲ့နောက်တွင် ကျောင်းသား/သူများရဲ့လက်ခုပ်သံတို့ လိုက်ပါလာသည်။ အားလုံးက ကျောင်းသူသစ်အကြောင်းကို သိချင်နေကြသည်။

သို့ပေမဲ့ ထူးဆန်းစွာပင် ဒီအတန်းဖော်အသစ်က မျက်နှာရဲ့တစ်ဝက်လောက်ကို နှာခေါင်းစည်းနှင့်ကာထားသည်။ နဖူးတွင်လည်း နဖူးစည်းတစ်ခုပါသေးသည်။ သူတို့တွေ ရှင်းရှင်းလင်းလင်းမြင်ရတာဆိုလို့ သူ(မ)ရဲ့ ကြီးမားဝိုင်းစက်သည့် အနက်နှင့်အဖြူရောင် မျက်ဝန်းတစ်စုံဖြစ်သည်။

ထို့ကြောင့်ပင် အားလုံးက ဒီကျောင်းသူသစ်အပေါ် စိတ်ဝင်စားမှု ၂ ဆ မြင့်တက်လာခဲ့သည်။ သူတို့အားလုံးက ဘာကြောင့် ဒီလိုဝတ်ဆင်လာရတာလဲဆိုသည်ကို သိချင်နေကြသည်။ နှာခေါင်းစည်းအောက်တွင် မည်သို့သော ပုံပန်းသဏ္ဌာန်မျိုးရှိမည်ကို သိချင်နေကြသည်။ 

အရှေ့တန်းမှကျောင်းသားများက ဆရာရှိနေတာကြောင့် အတင့်မရဲကြပေ။ သို့ပေမဲ့ နောက်တန်းမှလူများက အတန်းသူသစ်အကြောင်းကို တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။

အတန်းပိုင်ရဲ့လမ်းညွှန်မှုအောက်တွင် ယွီကျီရီက စင်မြင့်ပေါ်တွင် ရပ်နေခဲ့သည်။ "အားလုံးပဲ။ ငါ့နာမည်က ယွီကျီရီပါ။ ငါ နင်တို့အားလုံးနဲ့ အခန်းဖော်ဖြစ်ရတာ ဝမ်းသာပါတယ်။ ကျေးဇူးပြုပြီး ငါ့ကို အနာဂတ်မှာ လမ်းညွှန်ပေးပါဦး။"

သူ(မ)က ပြောပြီးနောက် အနည်းငယ် ဦးညွတ်လိုက်သည်။

ကောင်မလေးရဲ့အသံက ပျော့ပျောင်းနူးညံ့သည်။ ၎င်းက သူ(မ)ရဲ့ အရပ်အမြင့်၊ ပုံပန်းသဏ္ဌာန်တို့နှင့် ကောင်းစွာလိုက်ဖက်သည်။ ပြောကြသည်မှာ အသံကြားရသည်က လူကိုမြင်ရသလိုပါပဲဟူ၍။ ထိုအခိုက်တွင် နူးနူးညံ့ညံ့ အသွင်သဏ္ဌာန်လေးကို ပုံဖော်ကြည့်လို့ရသည်။

"ဝိုး..." အနောက်တန်းမှ ကျောင်းသားများက ထိုအသံမျိုးကို တမင်တကာလုပ်ပြလိုက်သည်။

ရှီရီ့ရှေ့တွင်ထိုင်သည့် လီရှောက်ကျိုသည်လည်း သူ့ဘေးတွင်ထိုင်သည့် သူ၏ဘော်ဒါများနှင့်ပူးပေါင်းကာ နောက်ပြောင်လိုက်ပြီး ရုတ်တရက် အကန်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Wo Geschichten leben. Entdecke jetzt