Chapter 13

631 54 5
                                    

ယွီရှင်းရန်သည် ပုလဲကြိုးလေးကို ဆွဲထားရင်းတန်းလန်းက ဝက်ဝံလေး၏ နားရွက်ပျော့ပျော့လေးကိုလည်း ဖိကြည့်နေသည်။

ယွီကျီရီက အလိုအလျောက် နောက်ဆုတ်လိုက်သည်။ ပြီးနောက် သူ(မ)၏အိတ်ကို ကာကွယ်လိုက်သည်။ “ယန်ယန်။ ဒါက ဝက်ဝံရုပ်မဟုတ်ဘူး။ ညီမလေး ဆော့လို့မရဘူး။”

“သမီး ဝက်ဝံလေးကိုကြိုက်တယ်လို့။” ယွီရှင်းရန်က ပုလဲကြိုးလေးကို ထပ်၍ဆွဲပြန်သည်။ သူ(မ)က လုံးဝလွှတ်မပေးဘဲ အခိုင်အမာပြောလိုက်သည်။ “ကျဲက သမီးထက်အကြီးလေ။ ကျဲ ညီမလေးကို ပေးရမယ်။”

သူ(မ)က လူတွေပြောနေကျဖြစ်သည့် ‘ကလေးကို ပေးလိုက်စမ်းပါ’ ဆိုသည့်စကားကို မကြာခဏ ကြားဖူးသည်။

သူ(မ)က မိသားစုထဲတွင် အငယ်ဆုံးဖြစ်သည်။ မိဘများက သူ(မ)ကို အလိုလိုက်ကြပြီး အဖွားဖြစ်သူကလည်း အချစ်ပိုသည်ကြောင့် သူ(မ)အတွေးတွင် လူတိုင်းက သူ(မ)လိုချင်သမျှပေးလိမ့်မည်ဟု ထင်နေသည်။

ဒီတစ်ကြိမ်တွင်တော့ ယွီကျီရီက အလျှော့ပေးမှာမဟုတ်ပေ။

“ဒါ ငါ့ဝက်ဝံအိတ်။” သူ(မ)က ရှင်းရန်လက်များကို ပုလဲကြိုးမှ ဆွဲဖယ်နေခဲ့သည်။

ယွီရှင်းရန်က ဘယ်လိုမဆို လွှတ်မပေးဘဲ “ကျဲ။ ညီမလေးကို ပေးကစားပါ။”

ဒါသည်သာ တခြားပစ္စည်းဆိုလျှင် ရီရီက ရက်ရက်ရောရော ပေးကစားမည်ဖြစ်သည်။ သို့ပေမဲ့ ဒီနေ့ရခဲ့သည့်စကတ်လေးနှင့် ဝက်ဝံလေးမှာ သူ(မ)အတွက် အဓိပ္ပာယ်များစွာ သက်ရောက်လေသည်။ 

ဒီတစ်ကြိမ်တွင်တော့ သူ(မ)က တကယ်ကို အလျှော့မပေးချင်ခဲ့ပါ။

ညီမနှစ်ယောက်က စတင်၍ စကားများကြလေသည်။ ထိုစဉ် အဒေါ်ဖြစ်သူက သူ(မ)တို့အိမ်နားမှ ဖြတ်သွားသည်နှင့် ကြုံလေသည်။ နှစ်ယောက်သား ဝက်ဝံရုပ်နှင့်ဆော့ရဖို့အရေး ပြိုင်ဆိုင်နေသည်ကိုမြင်ပြီး သာမန်ကာလျှံကာ ပြောလိုက်သည်။  “ရန်ရန်ကြိုက်ရင် သူ့ကို ခဏလောက် ပေးဆော့လိုက်ပါ။ အငယ်တွေနဲ့ ရန်မဖြစ်နဲ့လေ။”

“ဒါသမီးဟာ။” ဒါသည် ရှီရီက သူ(မ)ကိုပေးထားသည့်လက်ဆောင်ဖြစ်ပြီး သူ(မ)က ဆော့ရရန် ပြိုင်လုနေခြင်း မဟုတ်ပါ။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now