Chapter 9

696 72 1
                                    

အောက်တိုဘာလသို့ကူးပြောင်းလာသည်ထိ ရာသီဥတုမှာ ပူပြင်းခြောက်သွေ့နေဆဲဖြစ်သည်။ ပြတင်းပေါက်ဘေးတွင်ထိုင်၍ အိမ်စာလုပ်နေသောကောင်မလေးက စိတ်နှင့်ကိုယ်နှင့်မကပ်ဖြစ်နေသည်။

သူ(မ)က အနည်းငယ်မြှောက်ထားသည့်ဖတ်စာအုပ်ကို တိတ်တဆိတ်ဖွင့်လိုက်လျှင် အထဲတွင် ပန်းရောင်စာအိတ်လေးရှိနေသည်။

သူ(မ) မတုံးအပါ။ ထိုမျှသိသာနေသည့်အရာမှာ ရည်းစားစာဖြစ်ရမည်။

ဒီရည်းစားစာမှာ တစ်ယောက်ယောက်ကသူ(မ)ကိုအပ်၍ ရှီရီထံပို့ခိုင်းထားသည့်စာဖြစ်သည်။ သူ(မ)ကို ပေးရကောင်းနိုးနိုးနှင့် ဝေခွဲမရဖြစ်နေစေသည်။

ပထမဆုံးအနေနှင့် ပြီးမြောက်အောင်လုပ်ပေးမည်လို့ ကတိပေးထားသည့်ကိစ္စမဟုတ်ပေ။ သူ(မ)ကို တစ်ယောက်ယောက်က အတင်းကာရော ပေးသွားခြင်းသာဖြစ်သည်။

ဒုတိယအနေနှင့် ကျောင်းက ဒီအရွယ်လေးတွေကို ရည်းစားထားခွင့်ပြုမထားပေ။ ဒီရည်းစားစာကြောင့် ရှီရီ့ကို တစ်ခုခုသက်ရောက်သွားလျှင် မည်သို့လုပ်ရမည်နည်း။

သို့ပေမဲ့ အဆုံးတွင်တော့ ဒါသည် ထိုသူတို့ရှီရီ့ကို ပေးချင်သည့်စာဖြစ်လေသည်။

သူ(မ)က အတန်ကြာအောင်ရုန်းကန်နေခဲ့ပြီး နေ့လယ်ခင်းတွင်တော့ ရှီအိမ်ဘက်သို့ထွက်လာခဲ့သည်။

နျဉ်စုယာက ယွီကျီရီတံခါးလာခေါက်သည်ကိုမြင်လျှင် သူ(မ)ကို အိမ်ထဲခေါ်ခဲ့သည်။

“ကောကော အိမ်မှာမရှိဘူးလား။”

“ကြည့်ရတာ သူ့သူငယ်ချင်းတွေနဲ့ ဘတ်စကတ်ဘောကစားဖို့ ချိန်းထားတယ်ထင်တယ်။ ခဏနေရင်တော့ ပြန်လာမှာပါ။”

“ဒါဆို သမီး သူ့ကိုစောင့်လိုက်မယ်။”

“အန်တီက စတိုးဆိုင်မှာ စားသောက်ကုန်သွားဝယ်မလို့။ အိမ်မှာ ခဏစောင့်နေနော်။ စားပွဲပေါ်မှာ မုန့်နဲ့ အသီးတွေရှိတယ်။ စားချင်တာ ယူစားထား။”

နျဉ်စုယာက သူ(မ)ကို အမြဲဂရုစိုက်ပြီး အိမ်တွင်ထားရမှစိတ်ချသည်။

ယွီကျီရီက ထပ်ခါထပ်ခါခေါင်းညိတ်ခဲ့သည်။

နျဉ်စုယာ ထွက်သွားပြီးမကြာမီတွင် တံခါးဆီမှ သော့ထည့်ဖွင့်သကဲ့သို့အသံမျိုးကို ကြားလိုက်ရသည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now