Chapter 22.2

564 47 0
                                    

ဒါသည် ယွီကျီရီထိခိုက်ပြီးကတည်းက ပထမဆုံးအနေနှင့် မိဘများကိုပြန်တွေ့ခြင်းဖြစ်သည်။ 

လအတန်ကြာပြီးတာတောင် သူ(မ)က ယွီခိုင့်ကိုမြင်လိုက်ရတိုင်း ကြက်သီးထမိဆဲပင်။

အချိန်ခဏလောက် ဘာလုပ်ရမယ်မှန်းမသိဖြစ်သွားသည်။ 

ဆန့်ကျင်ဘက်အားဖြင့် ယွီခိုင်နှင့်ရွမ်ချင်းတို့က ကလေးနှစ်ယောက် လျှောက်ဝင်လာသည်ကိုမြင်သည်နှင့် မတ်တတ်ထရပ်လိုက်ကြသည်။

ယွီကျီရီက အလိုလျောက် နောက်ဆုတ်လိုက်သည်။ ရှီရီက သူ(မ)ရှေ့တွင် မှင်သေသေနှင့်ရပ်ကာ အမူရာမဲ့စွာနှုတ်ဆက်လိုက်သည်။

"ဦးလေး။ အန်တီ။"

ဒါသည် ရှီမိသားစုတွင်ဖြစ်တာကြောင့် ယွီခိုင်နှင့်ရွမ်ချင်းတို့က ရှီရီ့ကို ပြုံး၍နှုတ်ဆက်လိုက်ကြသည်။ "ရှောင်ရီ။ မတွေ့တာကြာတော့ ပိုချောလာတယ်နော်။"

ဒါက ယဉ်ကျေးသည့်နှုတ်ဆက်စကားဖြစ်စေ စိတ်ရင်းနှင့်ပြောသည်ဖြစ်စေ ရှီရီက စိတ်ထဲမထည့်ပါ။ သူက ကောင်မလေးကို သူ့နောက်တွင်ထား၍ ကာကွယ်ရုံသာ။ 

ယွီခိုင်နှင့်ရွမ်ချင်းတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး နေရခက်နေသည်။ ယွီခိုင်က သူ့လက်နှစ်ဖက်သူပွတ်၍ စကားမပြောပေ။

ရွမ်ချင်းကသာ ယွီကျီရီ့နားလျှောက်လာပြီး မဝံ့မရဲပြောလိုက်သည်။ "ရီရီ။ မားနဲ့ပါးက သမီးကိုလာတွေ့တာ။"

ယွီကျီရီက ခေါင်းခါလိုက်သည်။

"မားတို့က သမီးကို ဂရုစိုက်ချင်ရုံပါ။" ရွမ်ချင်းက သမီးဖြစ်သူကိုဆွဲရန် အလိုလျောက်ရှေ့တိုးလာခဲ့ပေမဲ့ ယွီကျီရီက ရှောင်လိုက်သည်။

ယွီကျီရီက ရှီရီ့ပခုံးပေါ်မှလွယ်အိတ်ကြိုးကို လှမ်းဆွဲလိုက်သည်။ သူ(မ)က ဒီလို အသက်ရှုကျပ်စေသည့်နေရာမှ လွတ်မြောက်ချင်နေသည်။

သူ(မ)ပြေးတော့မည်ကိုမြင်တော့ ယွီခိုင်က ရုတ်တရက်လှမ်းဖမ်းလိုက်သည်။

ယွီခိုင် သူ(မ)ကိုထိသည်နှင့် သူ(မ) ထိတ်လန့်တကြားအော်လိုက်မိ၏။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now