Chapter 12

562 52 0
                                    

ရှီရီက ပို့စ်ကတ်ကိုမြင်တော့ စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်။ ဒီကောင်မလေး တစ်ယောက်ယောက်ကိုကူညီ၍ ကတ်ယူလာပေးပြန်ပြီဟု ထင်လိုက်မိသည်။

သို့သော် များမကြာမီတွင် အသိပြန်ဝင်လာ၏။ စာအိတ်ပေါ်မှလက်ရေးသည် ရှင်းရှင်းလင်းလင်းကို ယွီကျီရီ့လက်ရေးဖြစ်သည်။

ယွီကျီရီသည် ဒီလိုမတော်တဆမျိုးကို ကြိုတွေးမထားမိခဲ့ပေ။ သူ(မ)ဖုံးကွယ်ရန်လုပ်ထားသည့်ကိစ္စကို ရှီရီက ရှာတွေ့သွားခဲ့တာကြောင့် သူ(မ)ရှက်နေမိသည်။

သူ(မ) အမြန်ငုံ့ပြီး အောက်ကျနေသည့်ပစ္စည်းများကိုကောက်ကာ လွယ်အိတ်ထဲသို့ ထိုးထည့်လိုက်သည်။

သူ(မ)ဇစ်ပိတ်မည်အလုပ်တွင် ရှီရီက လက်နှင့်ဖိထားခဲ့သည်။ “နင်ငါ့ကို မပေးတော့ဘူးလား။”

ယွီကျီရီက အိတ်ကိုဆွဲထားပြီး မလှုပ်ရှားသေးဘဲ တိုးတိုးလေးပြောလိုက်သည်။ “နင်ကြိုက်မှာမဟုတ်ဘူး။”

“ငါမကြိုက်ဘူးလို့ ဘယ်သူပြောလဲ။”

“နင်..နင်က ပို့စ်ကတ်တွေကို ဖတ်ကြည့်တာတောင်မဟုတ်ဘူး။”

ပို့စ်ကတ်များစွာကိုလွှင့်ပစ်ခဲ့ပြီး စိတ်ဝင်စားစရာမရှိဘူးဟုပင် ပြောခဲ့သေးသည်မဟုတ်လား။

“ငါက တခြားသူတွေရဲ့ပို့စ်ကတ်ကို မကြိုက်တာလေ။ ဒါပေမဲ့ ရီရီက တခြားသူမှမဟုတ်တာ။”

ဒါကိုကြားတော့ ကောင်မလေးက ပျော်ရွှင်စွာကြည့်လာသည်။ သူ့အကြည့်များကိုလည်း ရှောင်မနေတော့ပေ။

ရှီရီ၏နှုတ်ခမ်းတစ်စုံမှာ ခပ်ဖျော့ဖျော့ကွေးတက်သွားသည်။ ရှီရီကပြုံးပြီး သူ(မ)၏လက်ခုံလေးကိုပုတ်ပေးကာ အိတ်ကိုလွှတ်ပေးရန် အမူအရာပြလိုက်သည်။ “ကောကောက အိတ်ကူသယ်ပေးမယ်လေ။”

ကောင်မလေးတွင် ခုခံရန်အင်အားမရှိပေ။ ဒါကြောင့် သဘာဝကျကျပင် အိတ်မှာ ယူသွားခံလိုက်ရသည်။

ရှီရီက ပို့စ်ကတ်ကို အလွယ်တကူထုတ်လိုက်၍ သူ့အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ကတိပေးလိုက်၏။ “ကောကောက ဒီကတ်လေးကိုသေချာသိမ်းထားမှာ။”

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now