Chapter 21.1 (Z)

196 2 0
                                    

သူ(မ)က အသူတစ်ရာချောက်နက်နက်ထဲတွင် မတ်တတ်ရပ်နေခဲ့ပြီး ထွက်လာကာအကူညီတောင်းခဲ့သည်။

သို့ပေမဲ့ ဒီလို ကာလာစုံလူထောင်ပေါင်းများစွာနှင့်ကမ္ဘာတွင် အားနည်းသည့်မိန်းမငယ်လေးတစ်ယောက်ကို မည်သူကများ အာရုံစိုက်မည်လဲ။

ထိုအချိန်တွင် သူ(မ)ဘေးမှဖြတ်သွားသည့် တံမြက်စည်းကြီးကိုင်ထားသောအန်တီက မနေနိုင်ဘဲမေးလာသည်။ "ကလေးမလေး။ သမီး အကူညီလိုလို့လား။"

စိမ်းသက်သက်မြို့လမ်းမပေါ်တွင် သူ(မ)ကိုဂရုစိုက်သည့်သူတွေလည်း ရှိပါသေးသည်။

သို့ပေမဲ့ သူ(မ) ပြန်မ‌ဖြေခဲ့။ သူ(မ)ရဲ့လည်ချောင်းကနာကျင်နေပြီး သက်သောင့်သက်သာရှိမနေတာကြောင့် စကားမပြောနိုင်ပေ။

"မကျော်လွှားနိုင်တဲ့ကိစ္စရယ်လို့ မရှိပါဘူး။ တစ်ခါတစ်ရံမှာ ငိုလိုက်တာကလည်း ဖြေရှင်းနည်းကိုရှာတွေ့နိုင်ဖို့ နည်းလမ်းဖြစ်နေနိုင်တယ်။"သန့်ရှင်းရေးဝန်ထမ်းအန်တီက သိပ်မဝေးသည့်နေရာမှ အမှိုက်များကိုလှည်းထုတ်ပြီး အမှိုက်ပုံးထဲထည့်လိုက်သည်။

"သမီးကြည့်လိုက်။ မြေပြင်ပေါ်ကအမှိုက်တွေကို တစ်ခုချင်းစီလှည်းလိုက်ပြီး အမှိုက်ပုံးထဲထည့်လိုက်ရင် တဖြည်းဖြည်းနဲ့ လမ်းက သန့်ရှင်းပြီး လှလာလိမ့်မယ်။" သန့်ရှင်းရေးအန်တီက အတော်အတန် စာပေဗဟုသုတကြွယ်ဝပြီး ဇာတ်လမ်းဆင်၍ ပြောပြနိုင်သည်။

ယွီကျီရီက စကားလုံးတွေနှင့် ဆွဲဆောင်ခံလိုက်ရသည်။

ပြဿနာ သေးသေး ကြီးကြီးတို့စုပုံလာသည့်အခါ စိတ်ဝိညာဉ်ကို တမြည့်မြည့်နှင့် ပြင်းထန်စွာ ပျက်စီးစေသည်။ ကြိုးစားဖြေရှင်းမှသာ အဆင်ပြေနိုင်မည်ဖြစ်သည်။ တစ်ကြိမ်လျှင် တစ်ခုသာ ဖြေရှင်းနိုင်လျှင်ပင် တဖြည်းဖြည်းနှင့် ၎င်းတို့အားလုံးက အတိတ်အဖြစ် ကျန်ခဲ့မည်ပင်။ သူ(မ)လည်းပဲ ၎င်းတို့ကို အတိတ်အဖြစ် ပိုင်ဆိုင်နိုင်လိမ့်မည်။ သူ(မ)က ပိုပိုပြီး ရှင်းလင်းကာ လှပလာနိုင်မည်။

သူ(မ)ရဲ့မျက်လုံးတွေက ငိုထားတာကြောင့် နီရဲ‌‌ရောင်ရမ်း‌‌နေသည်။ သို့ပေမဲ့ သူ(မ)က မျက်ရည်သုတ်ကာ ကိုယ့်အားကိုယ်ကိုး၍ ပြန်ရပ်ရမည်ဖြစ်သည်။ သူ(မ)ကိုယ်တိုင်အတွက်သာ မျက်နှာဖုံးကိုဝတ်ဆင်မည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now