Chapter 20.2 (Z)

179 1 0
                                    

နောက်တစ်နေ့တွင် ရှီရီက သတင်းကောင်းယူလာပေးသည်။

ပိတ်ရက်တွင် ချောင်လဲ့ကျီသည် သူ(မ)မျှော်လင့်ထားသည့် သူငယ်ချင်းလေးနှင့်တွေ့ခဲ့သည်။ သူ(မ)တစ်ယောက်တည်းကသာ ယွီကျီရီ မျက်နှာထိခိုက်သွားကြောင်းကို သိထားသည်။

ချောင်လဲ့ကျီက နှစ်သိမ့်စကား အမြောက်အမြားပြောခဲ့သည်။

ယွီကျီရီကလည်း ထပ်တလဲလဲခေါင်းညိတ်ခဲ့ပြီး ရုတ်တရက် မေးလိုက်သည်။ "ချောင်ချောင်။ ကျောင်းကအကြောင်းတွေ ပြောပြပေးပါလား။"

"ကျောင်းလား..."

ကျောင်းကကိစ္စတွေကိုပြောရမည်ဆိုလျှင်တော့ ရှီရီ့အကြောင်းသာရှိသည်။

"ရှီရီ ကျောင်းမှာ ဘယ်လောက်ပေါ်ပြူလာဖြစ်နေလဲသိလား။ တစ်ကျောင်းလုံး သူ့ကို သိကြတယ်။ ကောင်မလေးတွေဆို သူ့ကိုခိုးကြည့်ဖို့ ငါတို့အခန်းကိုလာကြတာလေ။"

"ဘာလို့ ခိုးကြည့်ကြတာလဲ။"

"လူတိုင်း သူ့အကြောင်းသိချင်နေကြတာလေ။ အံ့ဩစရာတော့မရှိပါဘူး။"

ယွီကျီရီက ရှီရီ့ကိစ္စတွေကို အလွန်သိချင်နေခဲ့သည်။ တခြားသူတွေက ရှီရီ့ရဲ့ ထူးခြားသည့်သွင်ပြင်ကိုချီးကျူးကြကြောင်းကြားရတော့ သူ(မ)က အလိုလို ရယ်မိတော့သည်။ ဒါသည် လွန်ခဲ့သည့်လများအတွင်း သူ(မ) အများဆုံးရယ်ဖြစ်ခြင်းဖြစ်သည်။

ရှီရီက အသီးပန်းကန်ကိုင်၍ဝင်လာခဲ့ပြီး သူ့ဆီမှ ရှာလကာရည်နံ့တို့ထွက်နေခဲ့သည်။

[ t/n : ရှာလကာရည်က ချဉ်တာပါ။ မနာလိုဖြစ်တဲ့အနံ့တွေရနေတယ်လို့ ပြောချင်တာပါ ]

သူက ကောင်မလေးကို အတော်ကြာကြာ အဖော်ပြုပေးခဲ့ပေမဲ့ သူ(မ)ရယ်သည်ကို မတွေ့ခဲ့ရပေ။ ချောင်လဲ့ကျီကတော့ ရောက်တာမကြာသေးပေမဲ့ ယွီကျီရီ့ကို ရယ်အောင်လုပ်နိုင်ခဲ့သည်။

ထိုနှစ်ယောက်က အချင်းချင်းစကားပြောနေကြပြီး သူ့ကိုတော့ တံခါးနားတွင်ပစ်ထားကြသည်။ တကယ်ကို စိတ်ရှုပ်စရာပင်။

"ဟေး။ နင် ဘယ်တော့ ကျောင်းပြန်သွားမှာလဲ။"

"နည်းနည်းလောက်စောင့်ဦး။ ရီရီနဲ့ငါ စကားပြောလို့ မပြီးသေးဘူးလေ။"

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now