Chapter 5 (Z)

220 3 0
                                    

တစ်နေ့ သူတို့ ကျောင်းသွားကြသည့်အချိန်မှာ ယွီကျီရီက ခေါင်းငုံ့ပြီး လက်ချောင်းများကို ရေတွက်နေလေ၏။ သူ(မ)အရှေ့ရှိ ဓာတ်တိုင်ကို ဝင်တိုက်တော့မည်ကို မြင်ပြီး ရှီရီရှေ့သို့ ခြေအမြန်လှမ်းလိုက်ကာ သူ(မ)နဖူးကို လက်ဖဝါးနှင့် အုပ်ရင်း အော်လိုက်တော့သည်။ “လမ်းကိုကြည့်ဦး။”

ရှီရီ ဆူလိုက်ပေမဲ့ ယွီကျီရီက မကြောက်နေပေ။ သူ(မ)မျက်နှာကို မော့ကာ ပြန်ဖြေလိုက်၏။

“ကောကော ငါ့မွေးနေ့ရောက်တော့မယ်။”

ရှီရီ ဟမ့်ကနဲ ပြုကာ ပြောလိုက်သည်။ “ငါးရက်လိုသေးတယ်။”

မိန်းမငယ်လေးက သူ(မ)မျက်လုံးများကို ကျယ်ကျယ်ဖွင့်လိုက်ပြီး လေးစားအားကျမှုကို ဖော်ပြလိုက်တော့သည်။  “ကောကောက အရမ်းမိုက်တာပဲ။”

ရှီရီ : “ငတုံး။”

သူက လက်ဆောင်ပင် ကြိုတင်ပြင်ဆင်ပြီး ဖြစ်တာကြောင့် အချိန်တွက်ချက်နေရန် မလိုချေ။

အိမ်မပြန်ခင်တွင် ရှီရီက လက်ဆန့်လိုက်ပြီး ယွီကျီရီ၏ ကြက်တောင်စည်းကို ဆွဲလိုက်ကာ  “ဒီနေ့ သင်္ချာဆရာ ပေးလိုက်တဲ့ အိမ်စာက နည်းနည်းခက်တယ်။ နင်နားမလည်ရင် ငါ့ဆီလာခဲ့လိုက်။ သင်ပေးမယ်။”

ရှီရီ စကားများကို ကြားပြီးနောက် ယွီကျီရီက ခေါင်းမော့ကြည့်ပြီး မေးလိုက်၏။  “ဒီနေ့ သင်္ချာမေးခွန်းက ခက်လား။”

“အင်း”

“ဒါဆို ကောကောအိမ်ကိုပဲ အိမ်စာလုပ်ဖို့ တန်းလာလိုက်တော့မယ်”

သူ(မ)က ပျော်ပျော်ကြီးပင် ဆုံးဖြတ်ချက်ချလိုက်ပြီး “ကောကော ခဏစောင့်နော်။ ငါအဖွားကိုသွားပြောပြီး ပြန်လာခဲ့မယ်။”

ယွီကျီရီ တံခါးဖွင့်ကာ အထဲဝင်သွားပြီးနောက် အိမ်သုံးပစ္စည်း အသစ်များကို မြင်လိုက်ရသည်။ စဉ်းစားမရစွာနှင့် သူ(မ)အော်ခေါ်လိုက်တော့၏။  “အဖွား။”

သိုပေမဲ့ ဘယ်သူကမှ ပြန်မဖြေတာကြောင့် စကားပြောသံတွေ ကြားခဲ့သည့် ဘေးအိမ်က သူ(မ)ဦးလေးအိမ်သို့သာ သွားလိုက်သည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now