Chapter 16 (Z)

185 2 0
                                    

ယွီကျီရီသည် သူ(မ)အဒေါ် ရုတ်တရက်ပြောမိသွားသည့်စကားတချို့ကို ကြားကြားချင်းမှာ ဒီဆိုးရွားလှသည့်အမှန်တရားကို လက်မခံနိုင်ဖြစ်ပြီး မိဘတွေကိုမေးရန် အိမ်ထဲသို့ပြေးဝင်သွားခဲ့သည်။

ဝမ်းနည်းစရာကောင်းသည်မှာ သူတို့က ဒီလိုအခြေနေမှာပင် ကလေးမလေးကို အကြောင်းအကျိုးပြ၍ ရှင်းပြချင်စိတ်မရှိကြပေ။ သူ(မ)ကို ဒီလိုစကားတွေပြောပြီးသာ ဖယ်ထုတ်ထားခဲ့ကြသည်။ “ကလေးတွေက လူကြီးတွေကိစ္စကို ဂရုစိုက်စရာမလိုဘူး။”

အဖွားက သူ(မ)ကို ချော့မော့နေခဲ့သည်။ “မားနဲ့ပါးက သမီးစိုးရိမ်နေမှာစိုးလို့ပါ။ ပြီးတော့ သမီးလည်း ဒီကိစ္စတွေမှာ ကူညီနိုင်တာမရှိဘူးလေ။ သူတို့ကို ယုံတယ်မလား။”

ယွီကျီရီက အလွန်ဝမ်းနည်းနေခဲ့သည်။ ဒါပေမဲ့ သူ(မ)က အဖွားကိုပါ မကောင်းသည့်ခံစားချက်တို့ မလွှမ်းမိုးစေချင်ပေ။

ညအမှောင်တွင် ကောင်မလေးက အိပ်ရာရှေ့တွင်ထိုင်နေပြီး စက္ကူကြယ်လေးတွေကို တစ်ခုပြီးတစ်ခု ခေါက်နေခဲ့သည်။

သူ(မ) အိပ်မပျော်ပါ။ သူ(မ) မျက်လုံးမှိတ်လိုက်တိုင်းမှာ မကောင်းသည့်အတွေးတို့သာ ကြီးစိုးနေခဲ့သည်။

ပြောကြသည်က ကြယ်တစ်ထောင်ပြည့်လျှင် လူတစ်ယောက်ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သည်တဲ့။

ဒီလို နားထောင်လို့ကောင်းသည့်စကားတို့က အမှန်မဟုတ်နိုင်မှန်း သူ(မ)လည်းသိပါသည်။ သို့ပေမဲ့ ထိုစကားတို့က လူတို့ရဲ့အတွင်းစိတ်ရှိမျှော်လင့်ချက်တို့ကို လှလှပပ ကိုယ်စားပြုနေရုံသာဖြစ်သည်။ သူ(မ)သည်လည်း တုံးအအနှင့် မျှောင်လင့်မိသည်က သူ(မ)မိဘများ မကြာခင်မှာ ပြန်အဆင်ပြေသွားရန်ကိုပင်။

အချိန်ကား နှစ်ဆုံးသို့ နီးကပ်လာချေပြီ။ ယွီကျီရီရဲ့ စာမေးပွဲရလဒ်များသည်လည်း ပုံမှန်နှင့်နှိုင်းယှဉ်ပါက အတော်ကို ကျသွားခဲ့သည်။

အထက်တန်းဝင်ခွင့်စာမေးပွဲရောက်ရန် စာသင်နှစ်ဝက်တစ်ခုစာသာလိုတော့သည်။ ဆရာများသည်လည်း အတန်းထဲရှိကျောင်းသားများ၏ ရမှတ်များနှင့်ပတ်သက်၍ ပိုအာရုံစိုက်လာကြသည်။ အတန်းပိုင်က ရီရီ့မိဘတွေကို ဆောင်းရာသီကျောင်းပိတ်ရက်မှာ ကလေးရဲ့စာလေ့လာရာတွင် အာရုံစိုက်စေရန်အလို့ငှာ ဆက်သွယ်ခဲ့သည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now