Chapter 8 (Z)

169 4 1
                                    

 စက်တင်ဘာလသည် ရွှေရောင်လွှမ်းသည့် ဆောင်းဦးဝင်ချိန်ဖြစ်ပြီး နောက်ကျောင်းတက်နှစ်၏အစဖြစ်သည်။

အဖြူအပြာစပ်ရှပ်လက်တိုနှင့်ကောင်လေးက ကျောင်းဈေးဆိုင်ရှေ့တွင်ရပ်ရင်း အမ်းငွေတို့ကိုယူကာ ဆိုင်ရှင်ကို သာမန်အပူချိန်ရှိ ရေသန့်နှစ်ဘူးကိုမှာလိုက်သည်။

သူက ကောင်းမွန်သည့်ပုံပန်းသွင်ပြင်နှင့်မွေးဖွားလာသူဖြစ်ပေမဲ့ အသက်အားဖြင့် ၁၂ နှစ်သာရှိသေးသည်။ သူ၏တလက်လက်တောက်နေသည့်မက်မွန်ပွင့်သဏ္ဌာန် မျက်လုံးတစ်စုံက ညှို့ငင်ဆွဲဆောင်နေသည့် အရောင်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။

တချို့သော ရှက်တက်သည့်မိန်းကလေးအချို့က သူ့ကိုမြင်လျှင် ရှက်သွားကြပြီး မည်သူတစ်ဦးတစ်ယောက်ကမှ လက်ဦးမှုယူ၍မိတ်မဆက်ရဲပေ။ အဘယ်ကြောင့်ဆိုရလျှင် သူတို့၏မိဘများ ဘေးတွင်ရှိနေ၍ ဖြစ်သည်။

“အဲ့ကောင်လေးက ဘယ်အတန်းထဲကလဲ။”

“သူ့ကို အရင်ကမမြင်ဖူးပါဘူး။ သူက ကျောင်းသားသစ်ဖြစ်ရမယ်။”

“မဟုတ်ရင် အလယ်တန်းကျောင်းသားဖြစ်လိမ့်မယ်။ ဒီလိုထင်ရှားတဲ့ပုံစံနဲ့ဆို လူမသိဘဲမနေလောက်ဘူး။”

“သူ့ဘေးမှာ မိဘတွေမပါပဲ ဈေးဆိုင်ကိုရေလာဝယ်ပုံထောက်ရင် ကျောင်းသားသစ် ဖြစ်ပုံမရဘူး။”

“ငါနဲ့လိုက်ကြည့်ကြ။”

စိတ်ထက်သန်နေသည့် စပ်စပ်စုစုလူနှစ်ယောက်က တိတ်တိတ်လေးအနောက်မှ လိုက်လာကြသည်။ ကစားကွင်းတွင် လူပေါင်းမနည်းရှိနေရာ သူ့ကိုရှာရန်မလွယ်ကူလှပေ။

ရှီရီက သူ၏ဘယ်နှင့်ညာလက်နှစ်ဖက်စလုံးတွင် ရေတစ်ဘူးစီကိုင်ရင်း စာသင်ဆောင်၏ အရိပ်ဆီသို့ စိတ်အေးလက်အေးလျှောက်သွားနေသည်။

သူ ဒီအလယ်တန်းကျောင်းကိုရောက်ဖူးတာ နှစ်ခါရှိပြီဖြစ်ပြီး ကျောင်းလမ်းများကို စိတ်ဖြင့်မှတ်ပြီးနေပြီဖြစ်သည်။

“ဒီမှာ။” သူက ရေတစ်ဘူးကို အဖုံးဖွင့်ပြီး လှေကားဘေးတွင်ရပ်နေသည့် ကောင်မလေးထံ ကမ်းပေးလိုက်သည်။  ကောင်မလေးက ရေဘူးကိုကိုင်ပြီး နှစ်လုတ်သောက်ကာ “ကောကော။ အခန်းခွဲတာကို သွားကြည့်ကြမလား။”

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Où les histoires vivent. Découvrez maintenant