Chapter 1 (Z)

526 8 0
                                    

ရွှေအဆင်းလိုနေရောင်ခြည်ကမှိန်ဖျော့လာပြီး ကြိုလင့်ကာထုတ်လွှင့်ထားသည့် များလှစွာသောအလင်းတို့က အနက်ရောင်ညကောင်းကင်တစ်ခုလုံးကို အလင်းပေးဖို့ တဖြည်းဖြည်းပေါင်းစပ်သွားကြတော့သည်။

မိုးပြာရောင်စကပ်တိုတိုနှင့် ပုလဲသွယ်ကြိုးသိုင်းဒေါက်မြင့်ဖိနပ်ကိုဆင်မြန်းထားသည့် မိန်းမငယ်လေးက တက်စီတစ်စီးပေါ်ကနေ ဆင်းလာ၏။

ယွီကျီရီတစ်ယောက် သူ(မ)ရဲ့အမွှေးပွဘောလုံးလိုခေါင်းလေးကို ဖြည်းဖြည်းချင်းဖြီးသင်လိုက်ပြီး စကပ်ထောင့်လေးကိုဆွဲလိုက်ကာ အံကိုတင်းတင်းကြိတ်လိုက်တော့သည်။

သူ(မ)ရှေ့က ပြိုးပြိုးပြက်ပြက်အလင်းများနှင့် KTV ဆိုင်နာမည်ကိုကြည့်ပြီး ချက်ချင်းခြေလှမ်းမဝင်လိုက်ခင်အထိ ထိုအရှေ့မှာ တုံ့ဆိုင်းစွာ ရပ်နေခဲ့သေးသည်။

သူ(မ)ရဲ့ဝါးမြင်းလေးရှီရီက ဒီနှစ်မှာ ၁၈ နှစ်ပြည့်တော့မှာဖြစ်ပြီး နောက် ၄ နာရီနှင့် ၈ မိနစ်ဆိုလျှင် အရွယ်ရောက်ပြီးသားလူတစ်ယောက်ဖြစ်လာကာ သူ(မ)ကလည်း သူ့ကို ဝန်ခံဖို့အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

"အာ့အာ ငါနည်းနည်းကြောက်နေတယ်။"

ယွီကျီရီက ညာဘက်နားထဲမှာတပ်ထားသည့် အဖြူရောင်ဘလူးတုနားကြပ်လေးကိုကလိရင်း မဝံ့မရဲပြောလိုက်သည်။

"နင်ဘာဖြစ်နေတာလဲ၊ နင်တို့တွေ အကြာကြီးသူငယ်ချင်းတြွေဖစ်လာကြတာပဲကို။ရှက်မနေပဲ ဒီတိုင်းသွားလိုက်စမ်းပါ။"

"အင်းပါ ဒီတစ်ခါ ငါအသင့်ဖြစ်နေပြီ။" ကျီရီ ခဏရပ်တန့်သွားသည်။

လွန်ခဲ့သည့်တစ်နာရီက ရှီရီက KTV တစ်ခုက သီးသန့်ခန်းတစ်ခန်းထဲကို ကိတ်တစ်လုံးကိုင်ရင်း သူ့သူငယ်ချင်းတွေနှင့်ဝင်သွားတာကို မြင်လိုက်ကြောင်း သူ(မ)သူငယ်ချင်းကောင်း ကျန်းမေ့အာကပြောခဲ့သည်။

ဒီနေ့ညသန်းခေါင်ကျော်သွားသည်နှင့် ရှီရီက ၁၈ နှစ်ပြည့်တော့မှာဖြစ်ပြီး ဒီလိုအရေးကြီးသည့်မွေးနေ့နီးကပ်လာတာကို ဘာလို့များ သူ့သူငယ်ချင်းတွေနှင့်ကြိုဆိုဆင်နွှဲဖို့ သူ(မ)ကို မဖိတ်ကြားခဲ့တာများလဲ။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Där berättelser lever. Upptäck nu