Chapter 25.2

673 55 0
                                    

ချောင်လဲ့ကျီက တမင် စနောက်ခဲ့တာမဟုတ်ပေ။ သူ(မ)က ယွီကျီရီ့ကို စာမျက်နှာအနည်းငယ်ပြပြီး လျှောက်လွှာတင်နည်းကိုပြခဲ့သည်။ “ကြည့်။ နင် email ကနေ လျှောက်လို့ရတယ်။ နင့်ဟာနင် စာရေးကျင့်လို့ရတယ်။ နင် ကောင်းကောင်းရေးပြီး အခြေခိုင်ပြီဆိုရင် ဝတ္ထုစရေးလို့ရပြီ။ တကယ်လို့ နင်အရွေးခံရရင် စာမူခရမှာနော်။”

ပထမတော့ ယွီကျီရီက ထိုအကြောင်းကို မစဉ်းစားမိပေ။ ချောင်လဲ့ကျီပြောမှ သူ(မ)လည်း အကြံရတော့သည်။

သူ(မ)က အရင်ဆုံးအနေနှင့် မှတ်စုထဲတွင် လေ့ကျင့်သည်။ နောက်‌တော့ သူ(မ)စိတ်ထဲပေါ်လာသည့်အတိုင်း ဝတ္ထုတိုများစရေးခဲ့သည်။

ဘယ်လိုပြောရမလဲ။

ဝတ္ထုရဲ့ကျောရိုးက သူ(မ)ဉာဏ်ကွန့်မြူးသလောက် တိုးတက်လာသည်ပင်။ ထို့နောက် အရေးအသားချောမွေ့လာသည်။ သို့ပေမဲ့ ကိုယ်တိုင်ဖတ်ကြည့်လိုက်တော့ တစ်ခုခုပျောက်ဆုံးနေသလိုခံစားရသည်။

ချောင်လဲ့ကျီက သူ(မ)ကို ထုတ်ဝေဖို့ပြောပေမဲ့ သူ(မ)က သူ(မ)ရဲ့ စာမူကိုသာ ထပ်ခါတလဲလဲဖတ်ကြည့်ပြီး နေက်ဆုံးတော့ ဖုန်းထဲတွင်သာ သိမ်းထားလိုက်ကာ မပို့ဖြစ်တော့ပေ။

သူ(မ)ထင်သည်ကတော့ သူ(မ)က တစ်ယောက်ယောက်ကို မကြိုက်ဖူးတာကြောင့် ချစ်ခြင်းရဲ့ ညံ့သက်သည့်ခံစားချက်တို့ကိုမရေးနိုင်တာဟု ထင်ခဲ့သည်။

အထက်တန်းတတိယနှစ်ရဲ့ ပထမစာသင်နှစ်ဝက်တွင် ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန် စတင်ခဲ့သည်။ ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်မတိုင်ခင်ကို စာဖတ်ချိန်အဖြစ် သတ်မှတ်ထားသည်။

ညနေပိုင်း ကိုယ်ပိုင်စာကြည့်ချိန်မှာ ဘာသာရပ်အလိုက်ဖြစ်ပြီး မတိုင်ခင်ကိုတော့ နာရီဝက်ခန့် အပန်းဖြေသည့်အနေနှင့် ကျောင်းစာပြင်ပမှ စာများကို ဖတ်ခွင့်ပေးထားသည်။

ဆရာတွေက များသောအားဖြင့် အတန်းထဲမဝင်ပေမဲ့ အတန်းကတော့ တိတ်ဆိတ်နေရမည်ဖြစ်သည်။ ဒါကြောင့် တစ်တန်းလုံးက အလှည့်ကျတာဝန်ယူရန်စီစဉ်ခဲ့ကြသည်။ ထိုအချိန်တိုင်း တာဝန်ကျသူတို့က စင်မြင့်ပေါ်တွင်ထိုင်ပြီး အားလုံးကို ဆူညံသံမလုပ်မိစေရန် ထိန်းရမည်ဖြစ်သည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now