Chapter 17 (Z)

128 1 0
                                    

သတိပေးချက် : ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှု အနည်းငယ်ပါဝင်သည်။

"ရီရီ။ ပါးနဲ့မားတို့ကွာရှင်းပြီးရင် သမီးဘယ်သူ့နောက်လိုက်ချင်လဲ။"

သူ(မ)ကို ဖုန်းထဲမှာ နှုတ်ဆက်သမှုပြုခဲ့ကြသည့်မိဘတွေက မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ရဲ့ အရေခြုံတွေကိုခွာလို့ သူစိမ်းများလိုပြုမူနေခဲ့ကြလေပြီ။

သူတို့က သူ(မ)ကို မေးနေကြသည်။ "ပါးနောက်လိုက်မလား။ မားနောက်လိုက်မလား။" သူတို့က သူ(မ)ကို တကယ်ရော လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးမည်လား။

သို့ပေမဲ့ သူ(မ)က ပြန်မေးလိုက်သည်။ "ပါးနဲ့မားတို့ကွာရှင်းကြရင် သမီးကို ဘယ်သူခေါ်ထားချင်လဲ။"

ယွီခိုင်နှင့် ရွမ်ချင်းတို့ တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားကြသည်။

သူ(မ)က အဖြေကိုစဉ်းစားပြီးသားဖြစ်လို့ သိပြီးသားဖြစ်သည်။

ဘယ်လိုတောင် ရက်စက်သည့်အမှန်တရားလဲ.....

တစ်ညတည်းနှင့် သူ(မ)သည် တိမ်စိုင်တိမ်လိပ်များပေါ်မှ မှောင်မည်းမည်း ချောက်နက်၏အောက်ခြေသို့ကျသည့်နှယ့် ခံစားခဲ့ရပြီးပြီ။ သူ(မ)မှာ လမ်းတစ်ဝက်မှကယ်တင်ပေးပါရန်ပင် တောင်းဆိုခွင့်မရှိချေ။

သူတို့က အားလုံးကို အစီစဉ်ချပြီးဖြစ်သည်။ အချိန်ကျလာသည့်အခါ သူ(မ)ကို ထိုသို့သာအသိပေးခဲ့သည် ။ ငါတို့ကွာရှင်းကြတော့မယ် ။

"ပါး။"

"မား။"

"မားတို့တွေ အရမ်းရက်စက်တယ်...။"

မိသားစုပြိုကွဲပြီလို့သိလိုက်ရတဲ့အခါ သူ(မ)ရုတ်တရက်သတိထားမိသည်က သူ(မ)ကို မည်သူမှ မရွေးချယ်ခြင်းကိုဖြစ်သည်။ တကယ်ကို ရက်စက်လွန်းပါပေသည်။

တံခါးနားတွင်ရပ်နေသည့်အဖွားက သူ(မ)ခေါင်းလေးကို ပွတ်ပေးလိုက်သည်။ သူ(မ)က မူးနောက်နောက်ဖြစ်နေရာမှ အနည်းငယ်သက်သာသည့်အခါ တံခါးဖွင့်၍ လျှောက်ဝင်လာခဲ့သည်။ ကောင်မလေးကိုလည်း သူ(မ)အခန်းဆီ ပြန်ခေါ်သွားခဲ့သည်။

"အဖွား။ ရီရီက လုံလောက်အောင် မလိမ္မာလို့လား။ အဲ့ဒါကြောင့် သူတို့က သမီးကို မကြိုက်ကြတာလား။"

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now