Chapter 4

774 74 2
                                    

ရှီရီကျောင်းမတက်ခင်ကတော့ ကလေးတွေက သူ့လိုပဲလို့ ထင်ခဲ့ပေမဲ့ စိတ်ပျက်စရာကောင်းစွာနှင့်ပင် သူ့မျက်လုံးထဲမှာတော့ သူတို့တွေက သူမူကြိုမှာတွေ့ဆုံခဲ့ရသော ကလေးတွေလို ကလေးဆန်နေကြဆဲဖြစ်သည်။

သူအရွယ်ရောက်လာသည်နှင့်အမျှ သူ့အသိဉာဏ်လည်း ဖွံ့ဖြိုးလာသည်။ ဒါကြောင့်ပဲ ရှီရီကူကယ်ရာမဲ့စွာ ခံစားရပြီး သူစိတ်သက်သာရာရသည့် တစ်ခုတည်းသောအရာမှာတော့ သူ့မိသားစုနှင့် ယွီကျီရီဖြစ်သည်။

ရှီရီက သူ့အတန်းထဲတွင် ရွယ်တူများထက် အရပ်ပိုရှည်ကာ ဆရာမက အတန်း၏အနောက်ဘက်တွင်ထိုင်ဖို့ စီစဉ်ပေးလိုက်တာကြောင့် ယွီကျီရီနှင့် ခွဲခြားခံလိုက်ရတော့သည်။

ထိုအခါ ရှီရီချက်ချင်းငြင်းဆန်ပစ်လိုက်သည်။ ယွီကျီရီကို ဆွဲကိုင်ရင်း မူကြိုကလေးအကွက်တွေသုံးကာ သွားဖို့ငြင်းဆန်နေခဲ့သည်။ သို့ပေမဲ့ သူ့ဆရာမကို မသိမ်းသွင်းနိုင်ခဲ့ပဲ အဆုံးမှလေးတန်းအကွာတွင် ထိုင်လိုက်ရတော့သည်။

ယွီကျီရီက မရင်းနှီးသည့်ပတ်ဝန်းကျင်ကိုရွေ့ပြောင်းလာရတာကြောင့် သူ(မ)က တခြားကလေးတွေလောက် သူငယ်ချင်းအသစ်ရှာဖို့ စိတ်အားထက်သန်မှုသိပ်မရှိပေ။ မရေမရာဖြင့် စိုးရိမ်ပူပန်မှုကို ခံစားမိနေ၏။ အတန်းချိန်အတွင်းတွင် ရှီရီ အတန်းထဲမှာ ရှိနေမနေကိုစစ်ဆေးရန် သူ(မ)ခေါင်းကို အဆက်မပြတ်လှည့်ကြည့်နေပြီး သင်ခန်းစာအပြီးမှာတော့ ရှီရီထိုင်ခုံဆီသို့ အပြေးလေးသွားလိုက်တော့သည်။

ယွီကျီရီနှင့် တစ်ခုံတည်းအတူမထိုင်ရသည့် ရှီရီမှာတော့ အမြဲလိုလို သူ(မ)ကို ချော့မော့ဖို့ကြိုးစားပြီး ပြော‌နေရ၏။

“မကြောက်နဲ့။ ကောကောက နင့်ကိုစောင့်ကြည့်ပေးနေတယ်။”

သူ(မ)က ရှီရီကို အလွန်ယုံကြည်မှုရှိတာကြောင့် တဖြည်းဖြည်း အတန်းသစ်နှင့် နေသားကျလာတော့သည်။

အတန်းထဲမှကျောင်းသားအများစုမှာ တစ်ဦးနှင့်တစ်ဦး မရင်းနှီးကြပေ။ သူတို့ကစားကြသည့်အခါတွင်လည်း လူတိုင်းနှင့် မကစားချင်ကြပဲ ထင်ပေါ်သည့်ကလေးများနှင့်သာ ကစားလိုကြသည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now