Chapter 7 (Z)

193 6 2
                                    

ညစာ စားပြီးနောက် ရှီရီက သူ့ခေါင်းလေးကို အချိန်နှင့်အမျှ ပြတင်းပေါက်မှ ထုတ်၍ မျက်နှာချင်းဆိုင် ခြံထဲတွင် လှုပ်လှုပ်ရှားရှားနှင့် မွေးနေ့ပွဲ ကျင်းပနေမည်လား ကြည့်နေခဲ့သည်။

သို့ပေမဲ့ အမှန်စင်စစ်တွင် လူသူကင်းမဲ့နေ၏။

သူက ပြတင်းပေါက်တွင်ရပ်ရင်း ခဏလောက် စဉ်းစားပြီးနောက် အံဆွဲထဲမှ ယွမ်တစ်ရာကို ယူ၍ သူ၏ အိတ်ကပ်ထဲ ထည့်လိုက်သည်။

“မား။ သား အပြင်ခဏ သွားလိုက်ဦးမယ်။”

“မှောင်နေပြီလေ။ ဘယ်သွားဦးမှာတုန်း။”

“ဈေးဝယ်ထွက်ရုံပါ။ အရမ်း မဝေးပါဘူး။”

“ဒါဖြင့် မားဖုန်းကို ယူသွား။ တစ်ခုခုရှိရင် အိမ်ကို ဖုန်းဆက်နော်။”

“ကောင်းပါပြီ။”

သူတို့က မြို့ထဲတွင် ဖြစ်ပြီး ဈေးဆိုင် တော်တော်များများက ဆောင်းရာသီတွင် ည၈နာရီဆို ပိတ်ကြသည်။ သို့ပေမဲ့ သူ ကြိုးစားကြည့်ချင်သေးသည်။ သူက မြို့ထဲတွင် လျှောက်ပတ်နေခဲ့ပြီး နောက်ဆုံးတွင်တော့ ပိတ်ခါနီး ကိတ်ဆိုင်တစ်ဆိုင်ကို ရှာတွေ့ခဲ့သည်။ “သူဌေးရေ။ ကိတ် နည်းနည်းလောက် ကျန်သေးလားဗျ။”

ကိတ်များကုန်ပြီ ဖြစ်၍ ဆိုင်ပိတ်ရန် အသင့်ဖြစ်နေခဲ့သည်။

“ ဒီနေ့က ကျွန်တော့် ညီမလေး မွေးနေ့ပါ။ ကိတ်တစ်လုံးလောက်များ လုပ်ပေးလို့ ရဦးမလား။”

“အိုး။ အရမ်း နောက်ကျနေပြီလေ။”

“သူဌေး မွေးနေ့က တစ်နှစ်မှာ တစ်ခါပဲ ကြုံတာပါ။ ပြီးတော့ ကျွန်တော့် ညီမလေးက ကိတ်တွေကို အရမ်း ကြိုက်တာမို့လေ။ ကျေးဇူးပြုပြီး တစ်လုံးလောက် လုပ်ပေးပါဗျာ။ ကိတ်သေးသေးလေးဆိုလည်း ရပါတယ်။”

သူက နည်းနည်းပင် တုံ့ဆိုင်းမနေပဲ သူဌေးကို ယွမ်တစ်ရာ ပေးလိုက်သည်။

သူဌေးက နှလုံးသားလှပြီး ကြင်နာတတ်သူ ဖြစ်သည်။ ဆောင်းညလယ်တွင် ကောင်ငယ်လေး တစ်ယောက်က ညီမဖြစ်သူအတွက် ကိတ်လာဝယ်ခြင်းသည် သူ့ကို ရင်ထဲထိသွားစေပြီး သဘောတူခဲ့သည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now