Chapter 14

594 55 0
                                    

ရှီရီက လက်ထဲမှဘောပင်ကို အောက်ချလိုက်ပြီး “မား။ သားက ၁၄ နှစ်ပဲ ရှိပါသေးတယ်။”

“အဲ့ဒီတော့” သူ(မ)က အဖြေအတိအကျ လိုချင်နေသည်။

“သားက လူတစ်ယောက်ရဲ့ဘဝကို တာဝန်မယူနိုင်သေးသရွေ့ အဲ့ဒီလူနဲ့ ချစ်မိမှာမဟုတ်ဘူး။”

‘ကြိုက်တယ်’ဆိုသည့်စကားလုံးက ရိုးရှင်းပေမဲ့ ‘ချစ်တယ်’ဆိုရာဝယ် တာဝန်ယူမှုတို့လည်း ပါလာခဲ့လေပြီ။

နျဉ်စုယာက သီးလုမတတ်ဖြစ်သွားသည်။ “သားက ၁၄ နှစ်ပဲ ရှိသေးတာနော်…။”

၁၄ နှစ်သာရှိသေးပေမဲ့ သူက တာဝန်ယူမှု၊ တာဝန်ခံမှုဆိုသည့် စကားလုံးတွေရဲ့အဓိပ္ပာယ်ကို နားလည်နေပြီ။

သူ(မ)က တခြားမိဘများကဲ့သို့ သားဖြစ်သူ၏မနူးနပ်အချစ်ရေးကို ထပ်ခါတလဲလဲ မတားပေ။ ဘာကြောင့်ဆို သားဖြစ်သူက ရီရီမှလွဲလျှင် ကျန်မိန်းကလေးများနှင့် ကစားခဲတာကြောင့်ဖြစ်သည်။

မူလကထင်ခဲ့သည်မှာ သားဖြစ်သူက ကောင်မလေးအပေါ် ညီမတစ်ယောက်ထက်ပို၍ ခံစားချက်ရှိနေသည်ဟုပင်။ အလွန်ဆုံးမှ သူ့ခံစားချက်များက ကောင်လေးတစ်ယောက်မှ ကောင်မလေးတစ်ယောက်ကို ကြိုက်ရုံအဆင့်ထိသာ တိုးတက်လာမည်ဟု ထင်ခဲ့ပေမဲ့ သူက ဒီကိစ္စကို တကယ်ကြီး အလေးအနက်တွေးနေလေသည်။

“သား။ မင်း နည်းနည်းလေး ပိုလွန်းနေတယ်မထင်ဘူးလား။”

ရှီရီက စာရေးစားပွဲပေါ်မှ အဆင့်မြင့်သင်္ချာစာအုပ်များကို ညွှန်ပြပြီး ပြောလိုက်သည်။ “ IQ က အရမ်းမြင့်လွန်းနေတာလေ။ သားလည်း မတတ်နိုင်ဘူးဗျာ။”

“ကဲ။ သားက ဒီလိုပြောမှတော့လည်း ထပ်ပြီး မေးမနေတော့ပါဘူး။”

ကလေးက အတိုင်းအတာကိုသိနေသရွေ့တော့ သူ(မ)လည်း ကလေး၏ရွေးချယ်မှုကို လေးစားပေးမည်ဖြစ်သည်။

ရှီရီ့တွေးပုံအရဆိုလျှင် သူ လူတစ်ယောက်ရဲ့ဘဝကိုတာဝန်ယူနိုင်ဖို့က အနည်းဆုံး တက္ကသိုလ်မှ ဘွဲ့ရရန် လိုသေးသည်မလား။ ဆိုတော့ သူ(မ) စိုးရိမ်စရာမလိုပါ။

သို့ပေမဲ့ သူ(မ)သည် နောက်တစ်နှစ်မှာပဲ ရှီရီတစ်ယောက် သူ(မ)ကို မျက်နှာဖြတ်ရိုက်လိမ့်မည်လို့မထင်ခဲ့ပေ။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now