Chapter 10

596 54 0
                                    

ကျောင်းတက်ခေါင်းလောင်း ထိုးသွားလေပြီ။

သင်္ချာဆရာက တည်ငြိမ်သည့်မျက်နှာထားနှင့် အတန်းထဲသို့ ဝင်လာခဲ့သည်။ ထို့နောက် ကိုင်ထားသည့်စာရွက်အထပ်လိုက်ကို စားပွဲပေါ်ချပြီး “ခုတလော အိမ်စာကူးရေးကြတယ်လို့ကြားတယ်။”

“ဘယ်သူတွေ အိမ်စာကူးကြလဲ။ ထပြပါဦး ကြည့်ရအောင်လို့။”

အိမ်စာစာရွက်တို့ကို နှစ်ပိုင်းခွဲထားသည်။  အပေါ်ဘက်အလွှာတွင် စာရွက်ဒါဇင်ချီရှိသည်။ မလုံမလဲဖြစ်နေသည့်ကျောင်းသားများက စာရွက်ပုံကိုကြည့်နေကြပြီး မိသွားမှာစိုးရိမ်နေကြသည်။

“ဘယ်သူမှမထဘူးလား။ ကောင်းတယ်။ ဝန်မခံရဲပေမဲ့ ဒါမျိုးကျလုပ်ရဲတယ်ပေါ့။ ငါ တစ်ယောက်ချင်းစီခေါ်တာကို စောင့်နေလိုက်။”

ယွီကျီရီက စပြီးတုန်ယင်နေလေပြီ။ သူ(မ)က ဝန်ခံချင်နေသည်။ သို့ပေမဲ့ ချောင်လဲ့ကျီက သူ(မ)ကို တင်းတင်းဆွဲထားခဲ့သည်။

သူ(မ)က နှုတ်ခမ်းကိုကိုက်ထားပြီး ကြောက်လန့်နေခဲ့သည်။

သူ(မ) ထိုသို့ ပထမဆုံးအကြိမ်လုပ်ဖူးခြင်းဖြစ်သည်။ ဒါပေမဲ့ ဘာကြောင့်များ ကမောက်မဖြစ်လာရတာလဲ။

မည်သူမျှအစမဖော်တာကြောင့် အားလုံးက ထိုကိစ္စမှ ရှောင်ဖယ်ချင်နေကြသည်။ ယခုချိန်တွင် သူတို့က စိတ်ပိုင်းဆိုင်ရာကို တိုက်ခိုက်နေကြရသည်။ ထိုကိစ္စမှာ ဆရာ၏လှုံ့ဆော်နည်း ပြင်းထန်မပြင်းထန်နှင့် မလုံမလဲကျောင်းသားများ အရှုံးပေးမပေးပေါ်တွင် မူတည်နေသည်။

နောက်ဆုံးတွင် သင်္ချာဆရာကသည်းမခံနိုင်တော့ပဲ စာရွက်ဒါဇင်ချီကို သင်ပုန်းရှေ့ရှိစင်မြင့်ပေါ်တင်၍ တစ်ယောက်ချင်းစီနာမည်ခေါ်ခဲ့သည်။

“ကျန့်ကျားကျန်း”

“ချူးဟယ်ရိ”

“…”

နာမည်ခေါ်ခံရသည့်ကျောင်းသားများက မတ်တတ်ထရပ်၍ အချင်းချင်းကြည့်နေကြသည်။ သူတို့က အမှန်တကယ်ပင် အိမ်စာကူးသူများဖြစ်သည်။

ဆရာက တကယ့်ကိုအံ့ဖွင်ပင်။

ယွီကျီရီ၏နှလုံးက ဒရမ်တစ်ခုလိုခုန်နေခဲ့သည်မှာ ချောင်လဲ့ကျီနာမည်ခေါ်ခံရချိန်ထိဖြစ်သည်။ သူ(မ)က သူ(မ)တော့ပြီးဆုံးပြီလို့ ခံစားမိလိုက်သည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now