Chapter 24.2

558 46 0
                                    

အစကတော့ ဒီစကားရဲ့ဆိုလိုရင်းကို ယွီကျီရီနားမလည်ခဲ့ပါ။ ၎င်းက အိမ်တံခါးဖွင့်ချိန်အထိဖြစ်သည်။ တံခါးဖွင့်လိုက်သည်နှင့် ဧည့်ခန်းထဲရှိဆိုဖာတွင် အန်တီနျဉ်နှင့်အတူထိုင်နေသည့် အဖွားကိုတွေ့လိုက်ရသည်။

"အဖွား။" သူ(မ) ပျော်ရွှင်စွာ ပြေးသွားလိုက်သည်။

အဖွားဖြစ်သူရဲ့ ထွက်ခွာသွားမှုအဖြစ်မှန်ကိုသိတုန်းက သူ(မ)အနေနှင့် လက်မခံနိုင်ပေမဲ့ နာမကျန်းသည့် သက်ကြီးရွယ်အိုတစ်ယောက်ကို မစောင့်ရှောက်နိုင်သည့်အတွက်လည်း အပြစ်ရှိသလိုခံစားခဲ့ရသည်။ အခုတော့ အရာရာက ပိုကောင်းလာခဲ့လေပြီ။

ဒီမွေးနေ့က သူ(မ)ရဲ့ ဘဝတစ်ဆစ်ချိုးပြောင်းလဲချိန်ကို ကိုယ်စားပြုနေသည်။

ဘုရားသခင်က သူ(မ)ကို ရှီရီနှင့်ဆုံစေခဲ့သည်မှာ မိဘများထံမှမရရှိခဲ့သည့် ချစ်ခြင်းမေတ္တာတို့ကို အစားပြန်ရရန်ဖြစ်နိုင်သည်။

ယွီကျီရီက သူငယ်ချင်းများထံမှရခဲ့သည့် လက်ဆောင်သေးသေးလေးများကို ဖြည်လိုက်သည်။ ထို့နောက် သူ့နေရာနှင့်သူ စီထားလိုက်သည်။

သူ(မ)ကတွေးနေခဲ့သည်။ သူငယ်ချင်းများထံမှလည်း မွေးနေ့ဆုတောင်းများကိုရပြီးပြီ။ အဖွားဆီမှ ကြက်ဥပြုတ်များကိုရခဲ့ပြီ။ ရှီမိသားစုထံမှ မွေးနေ့ကိတ်ကိုလည်း စားပြီးခဲ့ပြီ။ ဆိုတော့ ကျန်နေသည်က..... ရှီရီ့ဆီမှ မွေးနေ့လက်ဆောင်ပင်။

သူ(မ)က ရှီရီ့ထံမှမွေးနေ့လက်ဆောင်ကို မရမနေတောင်းခဲ့ခြင်းမဟုတ်ပါ။ ယခုချိန်ထိတိုင် ၁၅ နှစ်ကြာ အတူနေခဲ့တာကြောင့် မွေးနေ့လက်ဆောင်ပေးခြင်းက အလိုလိုနားလည်မှုဖြစ်လာကာ သူ(မ)မွေးနေ့တိုင်းမှာ ရှီရီက မွေးနေ့လက်ဆောင်ပေးခြင်းဖြစ်သည်။ သူက သူ(မ)ကို ဘယ်သောအခါမှ စိတ်မပျက်စေခဲ့ပါ။ ဒါကြောင့် ရီရီက မွေးနေ့လက်ဆောင်ကို မျှော်နေခြင်းဖြစ်သည်။

အဖွားက မြို့သို့ တစ်ယောက်တည်းရောက်သွားခဲ့တာဖြစ်ပြီး ယခုက ပြန်ရန်နောက်ကျနေပြီဖြစ်သည်။ ယွီကျီရီတစ်ယောက် အဖွားနှင့်တိုင်ပင်ပြီးနောက် နျဉ်စုယာကလည်း အဖွားကို တစ်ညပေးနေရန် သဘောတူလိုက်သည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now