Chapter 24.1

486 35 0
                                    

လူတိုင်းက သူ့ရဲ့စကားသုံးလုံးကို နားမလည်တာကြောင့် သူရှင်းပြမည်ကို စောင့်နေကြသည်။

သူက သူ့ဘေးမှကောင်မလေးကို တစ်ချက်ကြည့်လိုက်ကာ အကြည့်များကို အောက်နှိမ့်၍ “ငါပြောတာက… ကျန်းရှောက်ဝမ်က သူ့ကောင်မလေးကို အလိုလိုက်တယ်လို့ သတ်မှတ်လို့မရဘူးလို့။”

အချိန်အတော်ကြာမှ ၎င်းကို နားလည်သွားကြသည်။

လီရှောက်ကျိုက စားပွဲခုံကိုရိုက်ကာ ရယ်လိုက်သည်။ “ဟားဟား။ ရီကောရေ ဒါက ဟာသမလား။”

ရှီရီကပြုံးကာ ဖုန်းကို ဘေးချပြီး “ငါ ထပ်ပြီး မဆော့တော့ဘူး။”

တစ်ဖက်မှ ကောင်မလေးရဲ့ချစ်စဖွယ်အသံလေးထွက်လာသည်။ “ငါတော့ စားဦးမယ်။”

“ကောင်းပြီ။”

ကျန်းမေ့အာက မြန်မြန်သွက်သွက်စားလိုက်ပြီး ပန်းကန်နှင့်တူတို့ကိုချကာ “ငါ ဗိုက်ပြည့်ပြီ။”

ယွီကျီရီက ပါးစပ်သုတ်ကာ မေးလိုက်သည်။ “ဒါဆို နင်တို့တွေ ဗီဒီယိုဂိမ်းမြို့တော်ကို ပြန်သွားကြမှာလား။”

ကျန်းမေ့အာက ပျော်ရွှင်စွာနှင့် လက်မြှောက်ကာ “သေချာတာပေါ့။ လီရှောက်ကျိုနဲ့ ပြိုင်ရဦးမယ်လေ။”

ကျန်းမေ့အာနှင့်လီရှောက်ကျိုတို့က ပြိုင်ပွဲဧရိယာကို ဝင်ရောက်သွားကြပြီး ရှီရီက ယွီကျီရီကို အရုပ်ကောက်စက်ဆီခေါ်သွားခဲ့သည်။

“ဒါ ကစားရအောင်။” ရှီရီက ယွီကျီရီ အရုပ်ကောက်ရတာကိုကြိုက်မှန်းသိသည်။

“ဒီတစ်ခုက ကောက်လို့မရလောက်ဘူး။”

ဆိုင်ရှင်က ထိုစက်ကို အမြတ်ရရန် အကွက်ချထားလောက်သည်။ သူ(မ)က ၂ ကြိမ်လောက်ကောက်ခဲ့ပေမဲ့ တကယ်ပဲ တစ်ရုပ်မှ မရလိုက်ပေ။

“ထပ်ကောက်ကြည့်ပါဦး။”

ရှီရီက သူ(မ)ကို အားပေးလိုက်သည်။

ယွီကျီရီက ခြင်းတောင်းလေးထဲရှိ ကွိုင်တို့ကိုတွက်ဆလိုက်က စက်ဆီလျှောက်လာခဲ့သည်။ ကွိုင် ၂ ပြားထုန်လိုက်ပြီး စက်ထဲထည့်လိုက်သည်။ ထို့နောက် အရုပ်ကောက်သည့်ခလုတ်ကို ထိန်းချုပ်လိုက်သည်။ အရုပ်ကောက်သည့်စက်လက်တံတွေက အရုပ်ကိုချိတ်မိလိုက်သည်။ သို့ပေမဲ့ ထွက်ပေါက်နားရောက်ခါနီးမှာ စက်လက်တံက အလိုလို လွှတ်ချလိုက်သည်။

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now