Chapter 19

665 64 0
                                    

နောက်ဆုံးတော့ ယွီကျီရီမျက်လုံးဖွင့်လာခဲ့သည်။ သူ(မ)ပထမဆုံးမြင်လိုက်ရသူမှာ ကပ်ဘေးနှစ်ခုကိုကြုံပြီးနောက်ပိုင်း ဘဝသက်တမ်းတစ်လျှောက်လုံးတွင်မြင်တွေ့ရတော့မည့် ရှီရီဖြစ်သည်။

ကောင်မလေးက မျက်နှာအမူရာမဲ့နေခဲ့သည်။မဆိုသလောက်ကော့ညွတ်နေသည့်မျက်တောင်မွေးများက လိပ်ပြာတောင်ပံများလို တဖျပ်ဖျပ်ခတ်နေခဲ့သည်။

မျက်နှာပေါ်ရှိထိခိုက်မိသည့်နေရာများက ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။ မျက်နှာပေါ်တွင် ဆွဲဆောင်မှုရှိနေသေးသည့်အရာဆိုလို့ ဝိုင်းစက်စက်မျက်လုံးတစ်စုံသာကျန်တော့သည်။ အရှိန်အဝါတစ်ခုရှိနေသည်လို့ လူတိုင်းထင်ခဲ့ကြသည့် ကြည်လင်တောက်ပနေသည့် စပျစ်သီးသဏ္ဌာန်မျက်လုံးများက ယခုချိန်တွင် အရောင်ကင်းမဲ့နေခဲ့လေပြီ။

ရှီရီက သူ(မ)ဘေးတွင်ထိုင်ရင်း သူ(မ)ကို တိတ်တဆိတ်ငေးနေခဲ့သည်။

နှစ်ယောက်သားက အတန်ကြာထိ တိတ်ဆိတ်နေခဲ့ကြသည်။ ရှီရီက ခေါင်းငုံ့၍ ရှေ့ကိုနည်းနည်းကိုင်းကာ ရီရီ့ကို ညင်ညင်သာသာမေးလိုက်သည်။ “နင်ဘာလို့ ဒီလိုလုပ်တာလဲ။”

ယွီကျီရီက မျက်လုံးတွေကိုမှိတ်လိုက်ပြီး ရှီရီ့ကိုမကြည့်ရဲခဲ့ပေ။

ရှီရီကလည်း သူ(မ)ကို အလွှတ်ပေးရန်ဆန္ဒမရှိပါ။ ဆက်မေးလိုက်သည်။ “အရင်ကတည်းက နင်မျက်မှောင်လေးတစ်ချက်ကြုတ်ရင်တောင် နင်ဝမ်းနည်းနေမလားလို့စိုးရိမ်နေခဲ့ရတာ။ နင်မျက်ရည်ကျရုံနဲ့ ငါပါ မနေနိုင်ဘူး။”

“အခုလို နင့်ကိုယ်နင် ရက်ရက်စက်စက်လုပ်တာ နင့်ကိုယ်နင်သေစေချင်လို့လား။ ငါ့ကို ဝမ်းနည်းစေချင်လို့လား။”

“ကောကောက နင့်ကို ကောင်းကောင်းဆက်ဆံခဲ့တယ်။နင်က​တော့ ငါ့ကို ဒီလိုနည်းနဲ့ ပေးဆပ်လိုက်တာပေါ့။”

သူ(မ)က မျက်လုံးတွေကိုမှိတ်လိုက်ပြီး သူ့ကိုမကြည့်ခဲ့ပေ။ စကားလည်း မပြောခဲ့ပေ။

ရှီရီက လက်မြှောက်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို ဒဏ်ရာမရှိသည့်လက်ပေါ်တင်လိုက်သည်။ ထို့နောက် သူ(မ)ရဲ့လက်ဖမိုးလေးကို သူ့လက်ချောင်းများနှင့် နှစ်ကြိမ်လောက်ပွတ်သပ်ပေးနေလိုက်သည်။ သူ့လေသံတွင် အပြစ်တင်လိုဟန်တို့ပါဝင်မနေခဲ့။ “ရီရီ။ နင်က လုံးဝ အသိတရားမရှိဘူး။”

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now