ဇွန်လ၏ ၁၂ ရက်မြောက်နေ့တွင် အထက်တန်းပထမနှစ်၏ အခန်း ၂ တွင် ကျောင်းသားသစ်တစ်ယောက်တိုးလာခဲ့သည်။
"သူ(မ)က အစကတည်းက ငါတို့အတန်းဖော်ပဲ။ ဒါပေမဲ့ အထူးအခြေနေတွေကြောင့် စာသင်နှစ်ဝက်တစ်ခုစာနောက်ကျနေတာ။ အားလုံးပဲ ကျောင်းသားသစ်ကို ဂရုစိုက်ပေးကြပါ။"
ကျောင်းသားသစ်မရောက်ခင်ကတည်းက အတန်းပိုင်က အတန်းထဲမှကျောင်းသားတွေကို အသိပေးခဲ့သည်။
ပထမနှစ်အိပ်ဆောင်၏အဆောင်မှုးရုံးခန်းတွင် ဆရာညွှန်ကြားထားသည့်အတိုင်း ကျန်းမေ့အာက ကျောင်းသူသစ်ကိုစောင့်နေသည်။
ခဏအကြာမှာ သူ(မ)မြင်လိုက်ရသည်က မိန်းမငယ်လေးတစ်ယောက် နှာခေါင်းစည်းတပ်ကာ ပစ္စည်းများသယ်၍ ရောက်လာသည်ကိုပင်။
"နိဟောင်။ ဒါက ပထမနှစ် အခန်း ၂ ရဲ့ အိပ်ဆောင် ၂၀၆ လားရှင့်။"
ကောင်မလေးရဲ့အသံက နူးညံ့ပြီး သူ(မ)နားထဲတွင် ညင်ညင်သာသာ ပဲ့တင်ထပ်သွားသည်။
ကျန်းမေ့အာက ခဏမျှ အေးခဲသွားပြီး မြန်မြန်ခေါင်းညိတ်ကာ "ဟုတ်တယ်။ ဟုတ်တယ်။"
ကျန်းမေ့အာသည် အားကစားကော်မတီအဖွဲ့ဝင်ဖြစ်သလို အိပ်ဆောင်ခေါင်းဆောင်လည်းဖြစ်သည်။ သူ(မ)က ပစ္စည်းများကူချပေးပြီး တံခါးဘေးမှအိပ်ရာကိုညွှန်ပြကာ ပြောလိုက်သည်။ "ဒီအိပ်ရာလွတ်တယ်။ ငါတို့တွေ သန့်ရှင်းရေးလုပ်ပေးထားတာမို့လို့ ပစ္စည်းတွေချလို့ရပြီ။"
"ကျေးဇူးတင်ပါတယ်။"
ယွီကျီရီက ပစ္စည်းများများယူမလာပါ။ လိုအပ်သည့်အဝတ်စား၊ နေ့စဉ်အသုံးဆောင်များနှင့် စာရေးကိရိယာတချို့ကိုသာ ယူဆောင်လာသည်။ စောင်နှင့် အိပ်ရာခင်း စသည်တို့ကိုလည်း ကျောင်းမှစီစဉ်ထားပြီးသားဖြစ်လို့ သူ(မ) ပြင်ဆင်လာစရာမလိုပေ။
သူ(မ)နှင့် နျဉ်စုယာတို့က အိပ်ရာအမြန်ပြင်လိုက်ကြသည်။ ကျန်းမေ့အာသည်လည်း အလျဉ်းသင့်သလို ဝင်ကူညီပေးသည်။
ယွီကျီရီက စကားများများမပြောပေမဲ့ နျဉ်စုယာကတော့ ကျန်းမေ့အာနှင့် စကားပြောနေသည်။ "ကျောင်းသူလေး။ ဒီအခန်းမှာက ၃ ယောက်ပဲနေတာလား။"
CITEȘTI
ကမ်းကုန်အောင်အလိုလိုက်ပေးမယ်
Dragosteယွီကျီရီက ငယ်စဉ်ကတည်းက ဉာဏ်နည်းပြီး ခပ်လွယ်လွယ်ပဲလျစ်လျူရှုခံရတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့ ပါရမီရှိပြီး ဉာဏ်ရည်ထက်မြက်တဲ့ရှီရီက သူ(မ)ကို နေရာတိုင်းကိုခေါ်သွားပေးခဲ့တယ်။ ကျောင်းသွားကျောင်းပြန်အတူသွားတယ်၊ အိမ်ပြန်ဖို့အတွက်သူ(မ)ကိုစောင့်တယ်၊သူ(မ)...