သူ(မ)မြန်မြန်လှုပ်ရှားနိုင်ပေမဲ့ နှင်းတွေကြောင့် ချော်နေခဲ့ပြီး သူ(မ)ခြေလှမ်းတွေက ရှီရီလောက် မတည်ငြိမ်ခဲ့ပေ။
လမ်းလျှောက်လာကာ စောင့်ဆိုင်းနေခဲ့ပြီး နောက်ဆုံးမှာတော့ ရှီရီလမ်းဘေးတွင် ထိုင်လိုက်ကာ ယွီကျီရီကို လက်ဝှေ့ယမ်းပြလိုက်သည်။
သူ(မ)ခေါင်းသေးသေးလေးကို ခါယမ်းရင်း အရှိန်မြှင့်ကာ ထိုသို့အမြန်သွားလိုက်သည်။ သို့သော် အံ့အားသင့်စရာကောင်းစွာပင် သူ(မ)ရုတ်တရက် နှင်းထဲသို့လဲကျသွားတော့၏။
ရှီရီဒူးထောက်နေရင်းက ပြုံးကာမေးလိုက်သည်။
“ရီရီ နင်အရွယ်ရောက်လာရင် ဘာလုပ်မှာလဲ။”
ယွီကျီရီ တခဏမျှတွေးဆနေပြီး ရှက်သွေးဖြာကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ပြန်ဖြေလိုက်၏။
“အကြာကြီးနေလို့ အရွယ်ရောက်လာရင် သွား-သွားတောင်းစားမယ်။”
“ဟင်း ငါတကယ်ကို အသုံးမကျတာပဲ။”
ရှီရီသက်ပြင်းချလိုက်၏။ သူမတတ်သာစွာပဲ လက်ဆန့်ထုတ်လိုက်ကာ သူ(မ)ရှေ့တွင် ဆောင့်ကြောင့်ထိုင်ရင်း နူးညံ့သည့်မျက်နှာလေးကို ဖိညှစ်လိုက်ပြီး
“ထားလိုက်ပါတော့။ အနာဂတ်မှာ နင့်ကိုထောက်ပံ့ပေးဖို့ ငါပိုက်ဆံအများကြီးကြိုးစားရှာပါ့မယ်။”
ယွီကျီရီ၏ပါးစုန့်လေးတွေက ဖောင်းကားလာပြီး သူ(မ)ရဲ့မျက်လုံးတောက်တောက်လေးတွေက စကားပြောနေသလိုမျိုး တလက်လက်ထနေလေ၏။
မျက်စိတမှိတ်အတွင်းမှာပင် မူကြိုကျောင်းပြီးဆုံးသည့်အခမ်းအနားသို့ ရောက်ရှိလာလေပြီ။ ဆရာမများက ကလေးတိုင်းကို ကိုယ်တိုင်ပြုလုပ်ထားသည့် လက်ဆောင်လေးတစ်ခုစီ ပေးကြပြီး ကလေးမိဘအများစုက သူတို့ကလေးများ၏ ကျောင်းဆင်းပွဲကို ဆင်နွှဲဖို့ အချိန်မီအရောက်လာကြသည်။
“ငါ့မိဘတွေ ရောက်နေပြီ။”
“ငါ့အဖေက ပိုက်ဆံအများကြီးရှာနေလို့ အလုပ်များပြီး မလာနိုင်ပေမဲ့ ငါ့အမေတော့ ရောက်နေပြီ။”
ကလေးများက တစ်ယောက်နှင့်တစ်ယောက် ပြောဆိုနေကြသည်။
ယှဉ်ပြိုင်မှုတွေကြားတွင် တစ်စုံတစ်ယောက်က ကလေးတစ်ယောက်ကိုညွှန်ပြလိုက်ကာ
YOU ARE READING
ကမ်းကုန်အောင်အလိုလိုက်ပေးမယ်
Romanceယွီကျီရီက ငယ်စဉ်ကတည်းက ဉာဏ်နည်းပြီး ခပ်လွယ်လွယ်ပဲလျစ်လျူရှုခံရတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့ ပါရမီရှိပြီး ဉာဏ်ရည်ထက်မြက်တဲ့ရှီရီက သူ(မ)ကို နေရာတိုင်းကိုခေါ်သွားပေးခဲ့တယ်။ ကျောင်းသွားကျောင်းပြန်အတူသွားတယ်၊ အိမ်ပြန်ဖို့အတွက်သူ(မ)ကိုစောင့်တယ်၊သူ(မ)...