"ဟုတ်ပါတယ်။ ဒီအိပ်ရာကအမြဲလွတ်နေတာလေ။ သူ(မ)ပြောင်းလာအောင် စောင့်နေတာ။"

အားလုံးပြင်ဆင်ပြီးနောက် နျဉ်စုယာက အသီးတချို့နှင့် မုန့်များကို စားပွဲပေါ်တင်ကာ ကျန်းမေ့အာကိုပြောလိုက်သည်။ "ဒီအသီးတွေကို သမီးတို့အခန်းဖော်တွေ တူတူစားကြပေါ့။"

"ကျေးဇူးတင်ပါတယ်ရှင့်။"  ကျန်းမေ့အာက ရှက်ရွံ့စွာလက်ခံလိုက်သည်။

နျဉ်စုယာက အသာပြုံးရင်း "အန်တီတို့မိသားစုရဲ့ရီရီက ရှက်တတ်တယ်။ အနာဂတ်မှာ သူ(မ)ကို များများစောင့်ရှောက်ပေးပါဦး။"

ဆိုတော့ ဒီလိုကိုး။ ကျန်းမေ့အာက စိတ်သက်သာရာရစွာ လက်ခံလိုက်သည်။

"အန်တီ။ စိတ်မပူပါနဲ့။ အဆောင်ထဲမှာ သမီးတို့ ၃ ယောက် အလွယ်တကူရင်းနှီးသွားမှာပါ။"

"ဟယ်လို။ ငါ့နာမည်က ယွီကျီရီပါ။" မိန်းမငယ်လေးက သူ(မ)ကိုယ်သူ(မ) မိတ်ဆက်လိုက်သည်။

"အိုး။" ကျန်းမေ့အာက ခေါင်းညိတ်ပြလိုက်သည်။ "ငါ့နာမည်က ကျန်းမေ့အာပါ။ စိတ်မပူနဲ့နော်။ အခုကစပြီး နင့်ကို ငါ ကာကွယ်ပေးမယ်။"

ထို့နောက် သူ(မ)က အခန်းထဲရှိ ကျန် ၂ ယောက်နှင့် မိတ်ဆက်ပေးလိုက်သည်။ "ဒီအိပ်ရာက ငါ့အိပ်ရာ။ အိပ်ရာပေါ်က တစ်ယောက်က ဝမ်တင်းယွီ။ ညာဘက်ကတစ်ယောက်က ချောင်လဲ့ကျီ။ သူတို့က ရင်းနှီးရလွယ်ပါတယ်။"

ချောင်လဲ့ကျီရဲ့နာမည်ကိုကြားတော့ ယွီကျီရီ ပြုံးလိုက်မိသည်။

"ချောင်ချောင်။"

ကောင်းလိုက်တာ။

နျဉ်စုယာက ခဏလောက်နေခဲ့ပြီး နောက်တော့ ပြန်သွားလေသည်။

ယွီကျီရီက ဒီနေ့ တန်းပြီး အတန်းမတက်ပေ။ နက်ဖြန်မနက်မှပြန်လာမည်ဟု ပြောခဲ့သည်။

ကျန်းမေ့အာက သူ(မ)တို့ကို လက်ယမ်းပြီး နှုတ်ဆက်လိုက်သည်။

နျဉ်စုယာနှင့် ယွီကျီရီတို့ အောက်ထပ်ကို ဖြည်းဖြည်းချင်းဆင်းသွားကြသည်။ နျဉ်စုယာက ရီရီ့ရဲ့အိပ်ဆောင်ဘက်ကိုပြန်လှည့်ကာ ခံစားချက်တို့ပေါင်းစုံနေသည်။ "ရီရီ။ ဘာလို့ အိမ်မှာပဲ ကောကောနဲ့မနေတာလဲ။"

ကမ်းကုန်အောင်အလိုလိုက်ပေးမယ်Where stories live. Discover now